Chapter 67

1.1K 336 20
                                    

Zawgyi

    ကြောက်မက်ဖွယ်သားရဲကြီးက နောက်ဆုံးမှာတော့ အလင်းရောင်ကို မြင်ရဖို့အတွက် မြေပြင်ပေါ်ကို ထိုးထွက်လာပြီး သူ့ရဲ့အော်ဟိန်းသံကြီးကလည်း ကောင်းကင်တစ်ခွင်ကို ပျံ့နှံ့သွားသည်။ အဲ့အကောင်ကြီးက မတ်တပ်ရပ်လိုက်တော့ တောတွင်းထဲက မြင့်မားလှတဲ့ သစ်ပင်တွေထက်တောင် ပိုရှည်နေသေးသည်။  အစောက စုန့်ချီ မြင်လိုက်တဲ့ အနီရင့်ရောင်ထိပ်ဖူးပိုင်းတွေက သူ့ရဲ့ကျောတလျှောက်မှာ ပေါက်နေပြီး သူ့ရဲ့ကြီးမားတဲ့ခေါင်းကြီးကိုတော့ အမွှေးထူထူတွေနဲ့ ဖုံးလွှမ်းနေသည်။

     တိမ်ဖုံးနေတဲ့သားရဲမျက်လုံးအစုံက အမွှေးတွေအောက်မှာ မြှုပ်နေသည်။ထိုအကောင်ကြီးက မျက်လုံးဖွင့်၍ ခေါင်းကိုခါထုတ်လိုက်တော့ ဖုန်မှုန့်နဲ့မြေကြီးစတွေက လွှင့်ပျံ့ကုန်သည်။ အကောင်ကြီးက ပါးစပ်ကိုဟလိုက်တော့ အထဲက သွားစွယ်ကြီးတွေက ပေါ်လာသည်။

  ကျီးအရဲ့အတောင်လိုမျိုး အတောင်ပံအနက်ရောင်တစ်စုံက သူ့ကျောဘက်မှာ ရှိနေသည်။ သားရဲကြီးက မလှုပ်ရှားရတာ ကြာပြီဖြစ်တဲ့သူ့ရဲ့အတောင်ပံတွေကို ဖြန့်ကျက်လှုပ်ရှားလိုက်တော့ လေတွေက အန္တရာယ်အဆင့်ရှိတဲ့နှုန်းနဲ့တိုက်ခတ်သွားပြီး သစ်ပင်တွေကို ယမ်းခါသွားစေရုံမက မြေမှုန်တွေကိုပါ လေထဲပင့်ဆောင်သွား၍ ကောင်းကင်နဲ့မြေကြီးကို အပေါ်အောက် လဲဖယ်လိုက်သလိုပင်။  

   စုန့်ချီက ကောင်လေးအနားကို သွားလိုက်တာကြောင့် သူက မိစ္ဆာသားရဲကြီးရဲ့ခြေထောက်နဲ့ အနင်းခံရတော့မလိုပင် ဖြစ်သွားရသည်။
      
   လေထုနဲ့သဲတို့ ရောစပ်နေတဲ့ကြားထဲကနေ စုန့်ချီက သွေးနံ့ဖျော့ဖျော့လေးကို ရလိုက်သည်။ စုန့်ချီက မတွေးတောကြည့်ရသေးခင်မှာပဲ သူ့နားက ကောင်လေးက ပြေးနေတာကို ရပ်တန့်လိုက်တာကို တွေ့လိုက်ရသည်။ သူက တခုခုမြင်တွေ့လိုက်ရသလို ထိုနေရာမှာလည်း ငေးကြောင်ကြောင်နဲ့ရပ်နေသည်။

      သားရဲကောင်ကြီးက သူ့တောင်ပံတွေကို ခါယမ်းနေတာကြောင့် ပြင်းထန်တဲ့လေထုက သူတို့ကိုပါ ရှပ်တိုက်သွားသည်။စုန့်ချီက သူ့ကိုယ်သူ လေထဲကို ခုန်မြှောက်လိုက်ပြီး လူငယ်လေးက်ု လှမ်းဆွဲလျက် မြေပေါ်မှာ သုံးလေးပတ်လှိမ့်လိုက်ပြီး ထိုကြီးမားတဲ့အတောင်ပံတွေရန်ကနေ ရှောင်တိမ်းလိုက်သည်။

𝐅𝐨𝐱 𝐃𝐞𝐦𝐨𝐧 𝐂𝐮𝐥𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 𝐌𝐚𝐧𝐮𝐚𝐥 [𝑴𝒎𝙏𝒓𝒂𝒏𝒔]Where stories live. Discover now