Intro(Uni-Zaw)

34.6K 455 8
                                    

By -diana_mellet58 and me.

°°°°°°°°°°°°°
"ဟမ်....ငါကဘာလို့ သူ့နဲ့အတူ ကုတင်ပေါ်ရောက်နေရတာလဲ"

"ဒီနေ့ကစပီးတော့ မင်းက ကိုယ်နဲ့ချစ်သူတွေဖြစ်သွားပီနော်...မဟုတ်သေးဘူး ကိုယ့်မိန်းမဖြစ်သွားတာပေါ့"

"ကျွန်မတို့ တစ်ခုခုဖြစ်ခဲ့တာလား"

"အင်း တစ်ခုခုဖြစ်ခဲ့တာမဟုတ်ဘူး ဖြစ်ပီးသွားတာ babyရဲ့"

____________

"မင်းရဲ့ ပန်းနုရောင်သန်းပီးနေတဲ့ နှုတ်ခမ်းဖူးဖူးလေးကို ငါနမ်းလိုက်မယ်ဆိုရင် ပြစ်မှုမြောက်မလား ရော်ရွက်ဝါ..." ( ရှိုင်း )

"ကျွန်မ ရှင့်ကို ချစ်တယ်ဆိုတာကို ဘယ်တော့မှ ဒီရင်ဘက်ကနေ ထုတ်ပြောနိုင်မလဲမသိဘူး
အဲ့စကားလုံး ခြောက်လုံးလေးကိုတောင် ကျွန်မ ပြောမထွက်ဘူး....ရှင့်အချစ်ကသာ စစ်မှန်ဖို့ပဲတောင်းချင်တယ် " -(ရော်ရွက်ဝါ)

ရှိုင်း- ဘီလီယံနာ ၊ မာဖီးယားလောကတွင်လဲ ကျင်လည်နေသူ။ ရက်စက်တဲ့နေရာမှာနှစ်ယောက်မရှိ ၊ နွေးထွေးမှု့ကို သူ့ရင်ဘက်ထဲက တစ်ယောက်သောသူထံကိုပဲ ပြသသည်။
သူ့ရဲ့ပုံစံအစစ်အမှန်ကို တစ်ယောက်သောသူကသာ သိနိုင်သည်။

ရော်ရွက်ဝါ- ချို့တဲ့လို့ဘဝကိုနာကျင်စွာ ရုန်းကန်နေရတဲ့သူမ ၊ လောကဓံကို ကြံ့ကြံ့ခိုင်ကာ မာနတရားကိုရှေ့ထားကာ တည်တည်တံ့တံ့ နေတတ်ပီး၊ သစ္စာဖောက်သူတွေကြောင့် မည်သူ့ကိုမျှမယုံနူးညံ့တဲ့နှလုံးသားကို ရင်ထဲသော့ခတ်သိမ်းထားသောသူမ။ အချစ်ဆိုတဲ့အရာဟာ သူမအတွက် အမှိုက်သာသာပဲ။

အေးစက်စက်မိန်းမပျိုလေးနဲ့ ခပ်ဆိုးဆိုးယောက်ကျား ......

"မိန်းမတိုင်းရဲ့အချစ်ကို လုပ်ယူစရာမလိုပဲရခဲ့တယ်...ဒါပေမယ့် သိပ်ခေါင်းမာတဲ့မင်းလေးက
ကိုယ့်ကို လာကစားနေတာပဲကွာ.."

"လွှတ်...ရှင့်ရဲ့ မိန်းမတစ်ကာနဲ့ထိတွေ့ဖူးတဲ့ အနမ်းတွေနဲ့ကျွန်မကို လာမထိနဲ့....ကျွန်မက ရှင်ပျော်ဖို့ ဖန်တီးထားတဲ့ အရုပ်မဟုတ်ဘူး"

"ကျွန်မက ရှင့်အတွက်ဘာလဲ?"
"မင်းက ကိုယ့်ရဲ့မူပိုင်ပဲ ကိုယ့်ရဲ့ပဲ့ကိုင်ရှင် သူများတွေလို ကိုယ်ကြိုးဆွဲရာကရမယ့်အရုပ်တစ်ရုပ်လိုအစား မင်းကို ဘုရင်မပဲလုပ်ခိုင်းမယ် မင်းရဲ့လက်အောက်မှာ ဦးညွှတ်ချင်လို့"
"ငါ့ရဲ့ဘုရင်မ အနမ်းလေးတစ်ပွင့်ကို ခွန်အားအဖြစ် ပေးနိုင်မလားဟင်။"
"အို ရှင်ကသိပ်ကိုစကားတတ်တာပဲ ကျွန်မလက်အောက်မှာဦးညွှတ်ဖို့ထက် ရှင်ပါဘုရင်လုပ်လိုက်လေ ဒါဆို တူတူပဲပေါ့"
"ကိုယ်ကသာဘုရင်ဖြစ်ရင် မင်းအတွက်လွမ်းမိုးမိသွားမလား"
"ဟင်"
"ကိုယျ့ရဲ့အာဏာကိုသုံးလိုက်ပီး မင်းကိုထွက်မပြေးနိုင်အောင် ချုပ်ထားချင်လို့လေ။"
____________
သာသာ intoကိုပြန်ပြင်လိုက်တာပါ ။

ဘီလီယံနာကြီးရဲ့ရွှေရုပ်ကလေး[My love is a billionaire]Where stories live. Discover now