part -11(Uni)

6.1K 144 21
                                    

‌ခန့်ညားလှသည့် အိမ်တော်ကြီးရှေ့တွင် ဘော်ဒီကတ်များရှိနေပြီး ခြံဝင်းတွင်မူ အလုပ်သမားများ နေပူကြဲကြဲ‌တွင် ဉယာဉ်ကို သန့်ရှင်းကာ ရေဖြန်းနေကြသည်။ နေပူပူကြဲကြဲတွင် မည်သူမှအပြင်ကိုထွက်ချင်မည်မဟုတ်ပဲ အိမ်တွင်းအောင်းပြီး အဲကွန်းလေးနဲ့ ထိုင်‌ခုံပေါ်မှာ စာအုပ်လေးဖတ်ရင်းနှပ်ချင်ကြပါသည်။

ရေချိုးခန်းမှ ရေများတစ်စက်စက်ကြရင်း ရပ်တန့်သွားသောအခါ အဝတ်တစ်ပိုင်းနှင့် မျက်နှာသုတ်ပါဝါကို ခေါင်းပေါ်တင်ပီး ထွက်လာသော ရှိုင်း။

‌မနေ့က ညည့်နက်တဲ့အထိ အလုပ်လုပ်ထား၍ ဆယ်နာရီကျော်မှ အိပ်ရာနိုးလာသည်ဖြစ်ကာ အခန်းထဲကပင် ခုထိ မထွက်ရသေးပေ။

အဝတ်လဲကာ ခေါင်းသုတ်ရင်း ပြဒင်းပေါက်ကြီးကြီးရဲ့ လိုက်ကာကို ဆွဲဖွင့်လိုက်တော့ နေရဲ့အလင်းရောင်က ထိုလူအပေါ်ကျရောက်လာသည်။ အလင်းစူးစူးကြောင့် မျက်စိကျဥ်းမြောင်းသွားကာ ခြံထဲမှ အလုပ်သမားများကိုကြည့်မိကာတွေးလိုက်သည်။

"ဒီလောက်နေပူနေတာ ဘာလို့အလုပ်လုပ်နေကြတာလဲ ငါလဲမလုပ်ခိုင်းထားပါဘူး"

ထိုစဉ် တံခါးခေါက်သံထွက်လာသည်။
တံခါးခေါက်သံနှင့်အညီ ချိုသာသောအသံပါထွက်လာသည်။

"အကိုရှိုင်းရေ~နိုးပီလားဟင် ဒါရီ ပါ"

ရှိုင်း တံခါးဖွင့်လိုက်တော့ ပန်းရောင်ဂါဝန်လေးနှင့် မုန့်ဗန်းကို ကိုင်ပီး ရပ်နေတဲ့ ငွေဒါရီကို တွေ့လိုက်ရသည်။

"ကိုကို နိုးပီလား ဒါရီက မနက်ထဲကရောက်နေတာ အိမ်တော်ထိန်းကြီးက ကိုကို ညကအလုပ်တွေများနေလို့ ခုထိမနိုးသေးဘူးပြောလို့"

"အခုနိုးနေပြီလေ"

"အာ...ဟုတ်တယ်လေ အဲ့တော့ ဒါရီယူလာတယ် ကိုကို့အတွက် မနက်စာ"

"‌ဟားဟား ငါ့ညီမလေးကချစ်ဖို့က‌ကောင်းလိုက်တာ အကို့အတွက်မနက်စာပြင်ထားတာပဲ ဘယ်ချိန်တည်းကရောက်နေတာလဲ"

*ရှိုင်းပြောသည့် ချစ်စရာကောင်းသည်ဆိုသော စကားလုံးကို ငွေဒါရီသဘောကျပေမယ့် ညီမလေးဆိုသော စကားလုံးကိုတော့ သဘောမကျပေ။ *

ဘီလီယံနာကြီးရဲ့ရွှေရုပ်ကလေး[My love is a billionaire]Where stories live. Discover now