Part-2{Uni-Zaw}

11.5K 242 12
                                    

By - diana_mellet58and me

Uni-

ဘားတွင်း အောက်ထပ်မှ ဆူညံသံများက သူမအပေါ်ထပ်ကို ရောက်တော့မှပဲ အေးချမ်းသွားရတော့သည်။ ရော်ရွက်ဝါ နဲ့ဝတ်စုံက ကွက်တိဖြစ်နေတော့ သူမကိုယ်လုံးကောက်ကြောင်းနဲ့ ခါးသိမ်သိမ် ခြေထောက်သွယ်သွယ်က ထင်ပေါ်နေသည်။ဘေးပတ်လည်မှ အခန်းများကို တောက်လျှောက်ဖြတ်လာရင်း ညာဘက်အစွန်ဆုံးမှ အခန်းရှေ့တွင်ရပ်လိုက်သည်။ ရင်တုန်ပန်းတုန်ဖြင့် စိတ်လှုပ်ရှားနေသည်ကို ထိန်းဖို့အတွက် ဗန်းကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်လို့ထားသည်။
ရော်ရွက်ဝါစိတ်တည်ငြိမ်စေဖို့ရာ အသက်အဆုံးထိရှုသွင်းလိုက်ပီး အားတင်းကာ တံခါးခေါက်လိုက်သည်။ တံခါးဖွင့်သွားစဉ် ဆိုဖာ တန်းလျားရှည်ပေါ်မှ အရက်ခွက်ကိုင်ကာ ဘယ်ဘက်လက်က မိန်းမတစ်ယောက်၏ခါးကိုဖက်တွယ်ထားရင်း မိန့်မိန့်ကြီးထိုင်လို့နေသည်။

"ဝိုး ဒီဆိုင်ကသူဉေးကအလန်းလေးမှ ထည့်ပေးတာပဲကွ"
ထိုလူရဲ့ဘေးမှ အပေါင်းအပါများက ရော်ရွက်ဝါကို ကြည့်ရင်းသရော်လိုက်ကြသည်။
ထိုလူမှာ ရော်ရွက်ဝါကို တစ်ချက်မော့ကြည့်လိုက်ပီး အရက်ဆက်သောက်လို့နေသည်။ရော်ရွက်ဝါသည်ည် သူမ၏အလုပ်ဖြစ်သော ကုန်နေတဲ့အရက်ပုလင်းများကို ဗန်းထဲထည့်ကာ ယူဆောင်လာသော ပုလင်းများကိုချပေးလိုက်သည်။

"ငါ့ကိုတစ်ခွက်ထည့်ပေး"

ရော်ရွက်ဝါ မည်သည်ကိုမှမပြောပဲ ထိုလူအား အရက်ထည့်‌ေပး‌ေနသည်။။အရမ်းမလင်းအရမ်းမမှိန်သော မီးရောင်အောက်တွင် ဖြူဖွေးနုဖက်နေပီး အပြစ်ကင်းစင်သော ထိုအမျိုးသမီးလေး၏မျက်နှာအား ထိုလူကြည့်လိုက်သည်။
အလုပ်တွင်သာအာရုံစိုက်ထားတဲ့ထိုမိန်းကမပျိုလေး၏မျက်မအိမ်မျက်တောင်မှာ မဲနက်ကော့တက်နေပီး ဆိုးထားတဲ့ အနီရောင် နှုတ်ခမ်းနီလေးနဲ့နှုတ်ခမ်းဖူးဖူးလေး၊ သူမကို ဘယ်လိုတင်းစားရမလဲ ၊ ဟွန်းးးးစနိုးဝှိက်လိုမျိုးလေးလား၊ လှပလွန်းတဲ့အရာတွေကြီးပါတကား။ရော်ရွက်ဝါ ထည့်ပီး ဗန်းပြန်ကိုင်ကာ ထွက်တော့မည့်ဆဲဆဲတွင်

"မင်းရဲ့နာမည်ကို သိခွင့်ရမလား"
ရော်ရွက်ဝါ တည်ငြိမ်သောလေသံဖြင့် မျက်လွှာချကာ "ရော်ရွက်ဝါလို့ခေါ်တယ်"

ဘီလီယံနာကြီးရဲ့ရွှေရုပ်ကလေး[My love is a billionaire]Where stories live. Discover now