Part-3(Uni)

10.4K 244 11
                                    

By hELEn🏹

🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

"အားးးးး!"

ဖြောင်း! ဖြောင်း!

ကြာပွတ်ကနေ နီရဲနေသော သွေးများကစီးကျလို့လာသည်မှာ ပြောင်ချောသည့်အဖြူရောင်ကြွေပြားပေါ်သို့ တစ်စက် တစ်စက် ကျလို့နေသည်။
ကြမ်းပြင်နှင့်မျက်နှာ တစ်သားတည်းဖြစ်နေသော လူတစ်ဦး ကျောပြင်မှ သွေးများဟာ အင်ကျီတွင်ရေများချိုးထားသလားပင်။ ဖူးယောင်နေသော မျက်နှာနှင့် ဆိုးရွားလှတဲ့ဒဏ်ရာတွေကမြင်မကောင်းပေ။ ထိုလူ၏ကျောကုန်းပေါ်သို့.....ခြေထောက်ဖြင့် ဖိကာ ကြာပွတ်ကြောင့်ရသော အနာကို အားထည့်ကာ အသကုန်ဖိချလိုက်သည်။

"အားးးးးး ....နာ..နာတယ် တောင်းပန်ပါတယ်...ငါပြန်ဆပ်မယ်ပြောတယ်လေကွာ"

လှုပ်ထိုင်ခုံမှ အောက်ကလူပေါ်တင်ထားသော ခြေထောက်ပေါ်သို့ ဘယ်ခြေကို ပေါင်ပေါ်သို့ချိတ်တင်ကာ ညာဘက်လက်ကကြာပွတ်....ဘယ်ဘက်လက်က ဆေးလိပ်ပီးကို ဖြေးဖြေးချင်းဖွာလို့နေသည်။

ဆေးလိပ်အငွေ့တစ်ချက်မှုတ်ထုတ်လိုက်ပီး
အောက်လူကိုကြည့်ကာ "မင်းပြန်ဆပ်မယ်ဆိုတာ ၅လလောက်ရှိနေပီ ငါမလုပ်ချင်လို့လွှတ်ထားတာကို ....အခွင့်ကောင်းယူတယ်ပေါ့ ...ပြောမနေ့ကမင်းလေလံနိုင်ထားတဲ့သိန်းခြောက်ရာဆိုတာရော"

"အဲ့...အဲ့တာက"

အားဖြင့် ဖိ! "အားးးကုန်...ကုန်သွားပါပီ "

"အော်....ပြန်မဆပ်ပဲဖြုန်းပစ်တယ်ပေါ့ မင်းမိသားစုရော အသက်ရှင်မယ်ထင်လား"

"မ..မလုပ်ပါနဲ့ ကျွန်တော့်မိသားစုကိုမထိပါနဲ့ဗျာ"

"ဒါ‌ဆို ပြန်ဆပ်လေ မဟုတ်ရင် မင်းထောင်ထဲသွား"

"ဗျာ....ထောင်...ထောင်ထဲ?"

"မသွားချင်ရင် ခုချက်ချင်းပိုက်ဆံပြန်ပေးလေ ယူတုန်းကယူပီးခုမှပန်းနုသွေးလုပ်နေတာလား"

"..........."

ထိုစဉ် ဧည့်ခန်းတွင်းသို့ လူတစ်ယောက်ရောက်လာသည်။ ရှိုင်းနားရောက်တော့ အရိုအသေပြုပီး စာအိတ်နဲ့သေချာချိတ်ပိတ်ထားတဲ့ ဟာလေးရှိုင်းအားလှမ်းပေးလိုက်ပီး ဖုန်းထဲကနေ ဓာတ်ပုံတစ်ပုံထုတ်ပြလာသည်။

ဘီလီယံနာကြီးရဲ့ရွှေရုပ်ကလေး[My love is a billionaire]Where stories live. Discover now