ep 8

4.3K 406 82
                                    

Unicode

သက်ကမ္ဘာရှင်သည် မူလအချိန်အတိုင်းအတာ၌ သတိမကပ်ပဲ ရှိလှသည်။ သူ၏စိတ်အလုံးစုံသည် လွန်ခဲ့သော ရက်၏ အဖြစ်အပျက်ထံ၌စွဲမြဲလျက်ရှိသည်။ ငါဘာလို့အဖြေပေးမိပါလိမ့်။

သည်လိုတွေးမိတိုင်း ရှက်ရှက်နှင့် ခေါင်းငုံ့မိတယ်။ဧကရာဇ်ဦးခိုက်၏ မျက်ဝန်းနက်နက်တို့သည် သူ့အား အရည်ပျော်စေသည်။ သို့ကြောင့်မို့ သိက္ခာဟူသော အချင်းအရာအား မေ့ပျောက်မိကာ နှလုံးသား အလိုကိုလိုက်မိသည်။

ဦးခိုက်နှင့် တွေ့နေရချိန်တွင် ပျော်သည်။ လွတ်လပ်သည်။ စိတ်ချမ်းသာသည်။ ထိုသုံးမျိုးမှာ ဘဝတွင် ဖြတ်သန်းခဲ့ရသော ၂၅နှစ်အတွင်း ပထမဆုံးသာ ဖြစ်သည်။ ထိုပျော်ရွှင်လွတ်လပ်မှုအား သက်ကမ္ဘာရှင်လက်မလွှတ်နိုင်ပါ။

"ကိုသက် ကျွန်တော်ပြောနေတာကြားရဲ့လား....."

"ဟေ...."

အတွေးထဲနစ်နေသည်မို့ ဘေးတွင် ရပ်နေသော မင်းတိုင်းဆ၏ တည်ရှိမှုကိုပင် မေ့လျော့နေမိသည်။ ယခုမူ မင်းတိုင်းဆမှာ သက်ကမ္ဘာရှင်၏ လူယုံတော်မဟုတ်တော့ဘဲ အတွင်းရေးမှူးဖြစ်လာလေပြီ။

"ငါမကြားလိုက်လို့..."

"လက်မှတ်ကလေးထိုးပေးပါအုန်းလို့...နှစ်ချုပ်စာရင်းနဲ့ အသစ်ဖွင့်မဲ့ ကျောက်မျက်ရတနာဆိုင်အကြောင်းလေး တစ်ချက်ဖတ်ကြည့်ပေးပါအုန်းလို့ ပြောနေတာပါ..."

"အော်....အင်း..."

တိုင်းဆ​ပေးလာသော စာရင်းတို့အား မျက်တောင်မခတ်ကြည့်နေသော ကိုသက်အား ပြောသင့်မပြောသင့်ကိုချင့်ချိန်နေမိသည်။

"ကိုသက်..."

"အွင်း..."

စာရင်းစာရွက်တို့မှ အကြည့်မခွာဘဲ အသံပြုလာသော ကိုသက်...

"ပစ္စည်းပို့ဖို့ ငြင်းလိုက်တဲ့ကိစ္စ....Mr.Johnတို့က မကျေနပ်ဘူး ကိုသက်....ဦးလေး လက်ထက်ကတည်းက လက်တွဲလာတော့ ပိုဆိုးတယ်....သူတို့က ပစ္စည်းထပ်လိုချင်နေတယ်...."

လက်မှတ်ထိုးနေသော ငွေရောင်ဖောင်တိန်လေးသည် တိခနဲရပ်သွားသည်။ အမှန်အတိုင်းဆိုရလျှင် သည်လုပ်ငန်းကိုစွန့်လွှတ်ဖို့ စဥ်းစားနေသည်မှာ အတော်ကြာခဲ့ပြီ။ မည်သို့ပင် အဖေဖြစ်သူ၏ လွှဲပြောင်းပေးခဲ့သော လုပ်ငန်းပင် ဖြစ်စေကာမူ ဥပဒေဘောင်နှင့် မလွတ်ကင်းသည့်အတွက် သက်ကမ္ဘာရှင် စိတ်မလုံပါ။ အကြောင်းအရာတစ်ခုခုဖြစ်လာလျှင်လည်း သတ်ရပုတ်ရသည်မျိုးရှိသည်မို့ ပို၍ဆိုးသည်။

You own Maung's world (completed)Tempat cerita menjadi hidup. Temukan sekarang