ep 28

2.9K 233 17
                                    

Unicode

နှိုင်းကို လူနာကုတင်ပေါ် ပစ်လှဲလိုက်တော့ နှိုင်းက တွန်းတိုက်ရုန်းကန်လာသည်။ အတင်းအကြပ်ပြန်ထကာ ထွက်သွားဖို့ လုပ်နေတော့သည်။

"ခင်ဗျားနော်...ဒါဆေးရုံ....ဒါကလူနာကုတင် ဘာမဟုတ်မဟက်တွေလုပ်နေတာလဲ ဖယ်...."

အတင်းအကြပ်ရုန်းနေတာမို့ မင်းတိုင်းဆမတတ်သာပဲ လွှတ်ပေးလိုက်ရသည်။ သိပ်တော့ မကျေနပ်ချင်။ ပါးစပ်နားရောက်ခါနီးမုန့်ကို ဖြတ်ရိုက်ချခံလိုက်ရသကဲ့သို့ အောက်သက်သက်ခံစားရသည်။ နှိုင်းကတော့ ဆရာဝန်ဝတ်စုံအား ချွတ်ကာ ချိတ်ဖြင့်ချိတ်နေသည်။ အေးအေးလူလူပင် လက်ဆွဲအိတ်ကိုဆွဲကာ ထွက်သွားသော နှိုင်းသည် မင်းတိုင်းဆကို မေ့ပဲမေ့သွားသလား။ သပ်သပ်ပဲ လျစ်လျူရှုသွားလေသလားတော့ မသိပါ။

ပန်းစည်းနှင့် ချောကလက်များကိုကောက်ကိုင်ရင်း နှိုင်းနောက်သို့ သုတ်ခြေတင်လိုက်ရတော့သည်။ နှိုင်းမှာ လိုက်နေမှန်း သိသောကြောင့် ခပ်သွက်သွက်လျှောက်လေသည်။

"နှိုင်း ကိုယ့်ကို စောင့်ပါအုန်းကွာ...."

မင်းတိုင်းဆမှာ မနိုင်မနင်းတွေကိုင်ရင်း အသည်းအသန်လိုက်နေရသည်မို့ ပုံစံမှာ ပုံပျက်ပန်းပျက်နိုင်လှသည်။ သို့သည့်တိုင် နှိုင်းက လှည့်လည်းမကြည့်သကဲ့သို့ ခြေလှမ်းတို့ကလည်း ရပ်တန့်မသွား။ *သည်ဒေါက်တာလေးက သိပ်အသည်းမာတာပဲ....* သို့နှင့် သို့နှင့် ကားပါကင်သို့ရောက်လို့နေလေပြီ။ မင်းတိုင်းဆ ခြေအစုံတွင် အရှိန်တင်လိုက်ကာ အမှီလိုက်ရင်း နှိုင်းရှေ့တွင် ပိတ်ရပ်လိုက်ရသည်။ မောဟိုက်နေသည်ကြောင့် နှိုင်းရှေ့တွင် မင်းတိုင်းဆ ဟောဟဲလိုက်နေသည်။

"နှိုင်း နေပါအုန်း နှိုင်းရယ်....ကိုယ်ပေးတဲ့ ပန်းစည်းနဲ့ချောကလက်တောင် မယူတော့ဘူးလားလို့...."

"မယူတော့ဘူးဗျာ....ခင်ဗျားလို ဆေးရုံမှာတောင်မရှောင် ဘူးတဲ့နှာဘူးပေးတာမို့ မယူဘူး...နှာဘူးကြီး...."

နှိုင်းစကားကြောင့် မင်းတိုင်းဆမှာ စိတ်မဆိုးတဲ့အပြင် သဘောတကျရယ်သည်။ သဘောမကျစရာလား။ ပြောနေတဲ့ပုံကိုကြည့်။ နှုတ်ခမ်းလေးစူပြီး နှာမှုတ်နေတဲ့သူလေးကို ဘယ်သူက စိတ်ဆိုးရက်မှာလဲ။

You own Maung's world (completed)Where stories live. Discover now