ep 20

3.2K 266 59
                                    

Unicode

"နိုင်ငံခြားမှာ ကျောင်းသွားတက်ပါ့လားဟင်...."

ရှင်လေးစကားကြောင့် ရွှင်မြူးရိပ်သန်းနေသော ဦးခိုက်၏ မျက်နှာမှာ တမဟုတ်ချင်း မှိုင်းညို့သွားလေသည်။ သို့သော် ရှင်လေးအား လွှတ်မပေးသေးချေ။ တင်းတင်းကြပ်ကြပ်ဖက်ထားဆဲဖြစ်လေသည်။ ချင်ချင်းလက်ငင်း အခန်းတွင်းလေထုမှာ အေးစက်သွားကာ တိတ်ဆိတ်သွားလေတော့သည်။ နှစ်ဦးသားထံမှ စကားတစ်လုံးတစ်လေမှ ထွက်မလာတော့ဘဲ ကြမ်းပြင်ပေါ်တွင် ထပ်လျက်အနေထားဖြင့် လဲလျက်သာရှိသည်။

"ဘာလို့လဲ...."

လေထုအား စတင်ဖြိုခွင်းလိုက်သူမှာ ဦးခိုက်ဖြစ်လေသည်။ သူ၏အသံမှာ အက်ရှနေပြီး အဖျားခတ်တုန်ယင်လျက်ရှိသည်။ ထိုလေသံအား နားထောင်ကြည့်ရုံနှင့် ရှင်လေး၏ စကားအား မနှစ်မြို့မှန်း သိသာလှလေသည်။

"မောင့်ကို ပညာစုံစေချင်လို့ပါ....."

"မောင်သွားတော့ ရှင်လေးကို ဘယ်သူစောင့်ရှောက်ပေးမှာလဲ....မောင်ရှင်လေးဘေးမှာ ရှိမနေနိုင်ဘဲဖြစ်သွားမှာကို ရှင်လေးနားမလည်တာလား...."

ဦးခိုက်၏ စကားသံမှာ ခက်ထန်လျက်ရှိပြီး မျက်ခုံးများအား တွန့်ချိုးထားလေသည်။ ရှင်လေး သက်ပြင်းကလေး ဖွဖွချလိုက်ကာ...

"ငါကလေးမဟုတ်ဘူး ဦးခိုက်....ငါ့ကိုယ်ငါ စောင့်ရှောက်နိုင်တယ်.....ငါလည်း ယောက်ျားတစ်ယောက်ပဲ မင်းဒါကို မေ့နေတာလား...."

ရှင်လေးမှီထားလေသော ဦးခိုက်ရင်ဘတ်တစ်စုံမှာ ကြမ်းတမ်းစွာ လှုပ်ခတ်လာသည်။ အသက်ရှုနှုန်းမြန်မြန်မှာ စိတ်အလိုမကျတော့မှန်း သိသာစေသည်။

"ရှင်လေး ယောက်ျားတစ်ယောက်မှန်း မောင်သိတယ်.....ဒါပေမဲ့ မောင့်စိတ်ထဲမှာ ရှင်လေးက မောင်စောင့်ရှောက်ပေးရမဲ့ လူတစ်ယောက်လို့ သတ်မှတ်ထားတာ....ပြီးတော့ ရှင်လေးနဲ့ ခွဲပြီး မနေနိုင်ဘူး...."

အတတ်နိုင်ဆုံးထိန်း၍ ပြောနေဟန်ရှိသည်။ စကားလုံးတိုင်းတွင် မသက်မသာ သက်ပြင်းချသံတို့ရောထွေးနေလေသည်။ ရှင်လေး ဦးခိုက်၏လက်မောင်းတွေကြားထဲမှ ရုန်းထွက်လိုက်ကာ ကုတင်ပေါ်တွင် ထိုင်လိုက်သည့်အခါ ဦးခိုက်သည်လည်း မတ်တပ်ရပ်လာကာ ရှင်လေး၏ ပုခုံးအား ဖွဖွ ဆုပ်ကိုင်လေသည်။

You own Maung's world (completed)Where stories live. Discover now