ep 11

3.8K 325 16
                                    

Unicode

အခန်းထဲသို့ ကသုတ်ကပျာနှင့် ဝင်လာသည်မို့ ဖိနပ်ကိုလည်း ချွတ်ချင်သည့်နေရာတွင် ချွတ်၍ထားလိုက်သည်။ ခြေအိတ်နှင့် ကြမ်းခင်း ပွတ်တိုက်မိ၍ ချော်ပြီးလဲမကျသွားစေရန် အမြန်ထိန်းလိုက်ရသည်။

ထင်ထားသည့်အတိုင်း ဧည့်ခန်းတွင် မိန့်မိန့်ကြီးထိုင်ကာ သတင်းစာဖတ်နေသူအား တွေ့လိုက်ရလေသည်။ နှိုင်းတည်တံ့က ဖုန်းဆက်ပြောလာသည်မို့ ညနေစာ သွားဝယ်နေသည့် ဦးခိုက်ပင် အလျင်စလို အိမ်ပြန်လာရသည့် ဖြစ်ခြင်း။

သူ့မှာတော့ အလျင်စလိုချော်လဲကျမတတ် လာလိုက်ရတာ ဧည့်ခန်းထဲက လူကတော့ ဆိုဖာပေါ်တွင် ငြိမ့်စွာထိုင်၍ စားပွဲပေါ်သို့ ခြေကိုချိတ်တင်ထားပြန်သည်။ သူ့အိမ်သူ့ရာကဲ့သို့ သီချင်းတညည်းညည်းနှင့် သတင်းစာဖတ်နေသူကြောင့် ဦးခိုက် နေရင်းထိုင်ရင်း ဒေါသထွက်လာပေသည်။

"ပြန်ရောက်ပြီလား...သား..."

အကြည့်မပို့ပါဘဲ နူးညံ့စွာ အသံပေးလာသူ။

"ဘာလို့ ကျွန်တော့်အိမ်ကို ရောက်နေတာလဲ..."

ထိုအခါမှ သတင်းစာအား ထက်ဝက်ခေါက်လိုက်ကာ စားပွဲပေါ်သို့ တင်လိုက်သည်။ ချိတ်တင်ထားသော ခြေကိုဖြေကာ မတ်တပ်ထလိုက်လေသည်။

"ကိုယ့်သားအိမ် ကိုယ်လာတာ ဘာဖြစ်လို့လဲ...."

ဦးခိုက် မျက်နှာကိုတွန့်ချိုးလိုက်ကာ အသံမာမာဖြင့် ...

"ရင်းနှီးချင်ယောင် ဆောင်နေမဲ့အစား ပုံမှန်အတိုင်းဆက်ဆံပါ...ကျွန်တော်နဲ့ တစ်အိမ်ထဲနေရလောက်အောင်အထိ ကျွန်တော်တို့သားအဖဆက်ဆံရေးက မကောင်းဘူးဆိုတာ အဖေအသိဆုံးပါ။"

ဦးမင်းနန်းဦးခိုက်က ဦးခိုက်၏ စကားလုံးများအား လျစ်လျူရှုလိုက်သည့်ပုံဖြင့် ပြုံးလိုက်လေသည်။ သည်လိုစကားကြမ်းကြမ်းတွေနဲ့ ကြုံရရုံနဲ့တော့ သားအဖဆက်ဆံရေးကို ပြန်လည်မွန်းမံမဲ့ မင်းနန်းဦးခိုက်၏ အစီအစဥ်အားအပျက်ခံ၍မရပါ။

"အဖေ့မှာ ပိုင်တဲ့ဟိုတယ်လ်တွေသည်လောက်များတာ ဘာလို့ အဲ့သည့်နေရာတွေမှာ သွားမနေရတာလဲ..."

You own Maung's world (completed)Where stories live. Discover now