*30* ဒီကောင်လေးကတစ်ကယ်စိတ်အနှောင့်အယှက်ပေးတယ်

11K 1.8K 4
                                    

ရှန်းလွီ့တစ်ယောက် အခန်းထဲမှာကျန်နေတဲ့ ပါဝင်ပစ္စည်းတွေကို သေချာလိုက်ကြည့်လိုက်သည်။ ဒါပေမဲ့လည်း သူမြင်ခဲ့ရတဲ့ ဖြစ်စဥ်တစ်ခုလုံးကိုသူမယုံကြည်နိုင်သေးပေ။
"သာမန် , အဆင့်နိမ့် ၊ အလယ်လတ် နဲ့ အဆင့်မြင့် သာမန် သတ္တုတွေ..။ ဒီထဲက ဘယ်ဟာကမှ ထိပ်တန်းမှော်လက်နက် ထုလုပ်လို့မရဘူး..။ ဒါကမယုံနိုင်စရာကြီး...လုံးဝကိုမယုံနိုင်စရာကြီး ပြီးတော့ ဆေးပင်တွေကလည်း တစ်ကယ်ကြီးကို လက်နက်သန့်စင်လို့ရတယ်ပေါ့..။ ဘယ်သူမှ ယုံနိုင်မှာမဟုတ်ဘူး..။"

မှော်လက်နက်တွေကိုအဆင့် ကိုးဆင့်ခွဲခြားထား၏။အဆင့်ကိုးဆင့်တွင် တစ်ဆင့်ချင်းဆီမှာလည်း နောက်ထပ် ၉မျိုးခွဲခြားနိုင်သေးသည်။ သူတို့က သာမန်အဆင့် ၊ သန့်စင်အဆင့် ၊ ကိရိယာအဆင့် ၊ မှော်ဝင်အဆင့် ၊ အစစ်အမှန်အဆင့် ၊ မြင့်မြတ်အဆင့် ၊ သူတော်စင်အဆင့် ၊ ကောင်းကင်ဘုံအဆင့် ၊ နတ်ဘုရားအဆင့် တို့ဖြစ်ကြသည်။ အထူးကောင်းမွန်တဲ့အရာတွေ ၊ အဆင့်အမြင့်ဆုံးပစ္စည်းတွေ ၊ ရှားပါးအရာတွေ ၊ ကောင်းကင်ဘုံအဆင့် သို့မဟုတ် နတ်ဘုရားအဆင့် ပါဝင်ပစ္စည်းတွေ မရှိခဲ့ရင် အစစ်အမှန်အဆင်ထြက်မြင့်တဲ့ မှော်လက်နက် သန့်စင်ထုလုပ်ဖို့ဆိုတာ မဖြစ်နိုင်ပေ။

ကျန်းစွန်းကျစ်ချန် က အဆင့်သတ်မှတ်လို့မရတဲ့ သူတော်စင်လက်နက်တစ်ခုကိုသာ သန့်စင်ထုလုပ်ခဲ့သော်လည်းဘဲ အဲ့တာက အဆင့်၃ မှော်လက်နက်ကို သန့်စင်ခဲ့တာနှင့် ညီမျှ၏။ အဲ့လက်နက်နဲ့သာဆိုရင် အခြေတည်အဆင့်ကျင့်ကြံသူတွေက ရွှေအမြုတေအဆင့်မရောက်ခင်အထိ သူတို့လက်နက်ကို ပြောင်းလဲစရာမလိုဘဲ အသုံးပြုနိုင်လေသည်။ ဒါကြောင့် သူကျင့်ကြံလာတဲ့တစ်လျှောက်မှာ ဒီလက်နက်က သူ့ရဲ့ အကောင်းဆုံးလက်ရာတစ်ခုဆိုတာ သေခြာပေါကျဖွဈသညျ။ ဘယ်လိုဘဲဖြစ်ဖြစ် သူ့ရဲ့အောင်မြင်မှုက အဆင့်၃ မှော်လက်နက်တစ်ခုနဲ့တော့ ယှဥ်လို့မရသေးပေ။

ဘာဘဲဖြစ်ဖြစ် အဆင့်နိမ့်ပစ္စည်းတွေကနေပြီး သူတော်စင်လက်နက်တစ်ခု လုပ်နိုင်နေမှတော့ အဆင့်နိမ့်လက်နက်တစ်ခုကိုထုလုပ်ဖို့အတွက်နဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ဘယ်သူကမှ ဖြုန်းတီးပစ်မှာမဟုတ်ပေ။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now