အဝေရာတမ်းချင်း-၁(အဝေရာတမ်းချင်း)

14.6K 645 21
                                    

Unicode

(အစကိုမဖတ်ခင်မှာ တောင်ကြီးတန်ဆောင်တိုင်ရဲ့အခေါ်အဝေါ် နဲ့ အကြောင်းအရာလေးတွေကိုအရင်ဖတ်ပေးပါ။
တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင် ကိုးရက်အလိုလောက်မှာ တောင်ကြီးမြို့ရဲ့ အစဉ်အလာအရ တန်ဆောင်တိုင် မီးပုံးပျံလွှတ်ပွဲကျင်းပပါတယ်။
ရည်ရွယ်ချက်ကတော့ ဘာသာရေးအရ မီးပူဇော်သလိုပါပဲ။
မီးပုံးအကြီးကြီးလွှတ်ပြီးပူဇော်သလိူပါပဲ။နောက်တော့ လုံးဝ ရိုးရာအစဉ်အလာဖြစ်သွားတာပေါ့။

တောင်ကြီးမြို့မှာ အဝေရာမီးပုံးပျံကွင်းဆိုပြီးရှိပါတယ် မီးပုံးလွှတ်ဖို့သီးသန့် မြေနေရာအကျယ်ကြီးပါ။
ပွဲကဆယ်ရက်ကျင်းပပါတယ်။
အစရက်က ဖွင့်ပွဲရက်၊အဆုံးရက်ကပိတ်ပွဲရက်။ကြားရက်ထဲ နေ့တိုင်းမီးပုံးပျံလွှတ်ပါတယ်။
ပွဲမစခင်မှာ ချားရဟတ်တွေ၊ အရုပ်ပစ်တဲ့ကစားနည်းတွေပင်လယ်ဓားပြတွေ၊ စျေးရောင်းဖို့ နေရာတွေအရင်ပြင်ဆင်ခင်းကျင်းကြတယ်။

ကွင်းကကျယ်တော့ အဲ့လို ကစားဖို့၊အစားအသောက်တွေရောင်းဖို့လည်း သတ်မှတ်ပေးထားတဲ့နေရာရှိတယ်။ ပြီးရင် ပွဲလာတဲ့လူတွေကတော့ မြေနေရာအလွတ်တွေရှိတယ်။ ထိုင်ခုံတွေနဲ့ကြည့်လို့မရဘူး🤣🤣
မီးပုံးပျံကအန္တရာယ်များတာမို့လေ ပြေးရင်လည်းပြေးရတာ။
ဒိုင်ကြည့်တဲ့စင်တွေလည်းရှိတယ်။ လူတွေကတော့ ဆာလာအိတ်ခင်း၊အိမ်ကယူလာတဲ့ဖျာတွေခင်းကြ၊တချို့ကကားရပ်ထားတဲ့နေရာတွေမှာပဲကြည့်ကြတယ်။

နေ့လွှတ်နဲ့ညလွှတ်ဆိုပြီးရှိတယ်။နေ့လွှတ်က နေ့လယ် ၁၁နာရီလောက်က​ေန ညနေ၄နာရီလောက်ထိ။ အရုပ်တွေလွှတ်ကြတယ်။ ဟင်္သာရုပ်၊ဆင်ရုပ်၊ကျွဲရုပ်၊နွားရုပ် etc..။

ညဆို မီးကျည်နဲ့ စိန်နားပန်ဆိုပြီးလွှတ်တယ်။ အရမ်းအသေးစိတ်ရပါတယ်။နေ့လွှတ်ဖြစ်ဖြစ်၊ညလွှတ်ဖြစ်ဖြစ်။
စိန်နားပန်တွေက ညအစောပိုင်း၊မီးကျည်က ညနက် သန်းခေါင်ဝန်းကျင်လွှတ်ကြတာများတယ်။

စိန်နားပန်ကတော့ မီးပုံးမှာ ပုံဖော်ထားသလို အသေးစိတ် မီးတွေလိုက်ထွန်းရတာ။အောက်ဆွဲပါတယ်။

Mini StoriesWhere stories live. Discover now