Mercury{၅}U/Z

3.1K 380 47
                                    

ပြဒါးထက်က ညံ (၅) Unicode

"နေဝင်သွားပြန်ပြီ"

နေဝင်သွားတာကို ကြည့်နေရတာ ဘယ်နှကြိမ်မြောက်မှန်းတောင် မသိတော့ပါ။ 
နေရာ အနေအထား၊ အသက်အရွယ်တွေ မတူတော့ပေမဲ့ သည်နေဝင်ချိန်တိုင်းမှာ သူတို့နှစ်ယောက် အမြဲ တတွဲတွဲ ရှိခဲ့သည်။

ချောင်းသာကမ်းခြေ၏ နေဝင်ချိန်ကိုကြည့်ရတာ မြင်နေကျထက်တော့ အနည်းငယ် ကွာခြားသည်။ ပင်လယ်ပြင်ကို ဖြတ်ပြီး လွင့်စင်လာသည့်လေနှင့် ခေါင်မိုးထပ်က လေကလည်း အနည်းငယ်တော့ ကွာခြားသည်။ အရာအားလုံးဟာ ခြားနားမှုတွေ တစီတစ်တန်းနဲ့ပေါ့။ မပြောင်းမလဲ ရှိနေတာကတော့ ညံဆိုသည့် သူ့ဘေးက သူငယ်ချင်းကောင်။

သည်နေ့က သူတို့ရဲ့ Final Year... Final Exam ပြီးလို့ ထွက်လာတဲ့ အပျော်ခရီး။ 

"ဟိုနှစ်ယောက်လာလေ... နောက်ကျခြေထောက် သစ္စာဖောက်ပဲနော်။ ဘာမှမချန်ဘူး"

အတန်းထဲက ဟာတွေက ဗန်းထဲက အကင်တွေကို ရည်ညွှန်းကာ ပြောသည်။ 
"အေးလေ။ လာတော့ ညကျရင်လည်း ဂိမ်းဆော့ရဦးမှာ။ လိပ်နှစ်ကောင်"

"ဒီနေ့တော့ မမူးရင် မပြန်ဘူး"

သူတို့ တစ်မေဂျာလုံး သောင်ပြင်မှာ လွှတ်ခံရတဲ့နွားတွေလို ပျော်မြူးနေကြသည်။ နှစ်နဲ့ချီ ရင်းနှီးလာကြသည့်လူတွေမို့ တစ်ယောက်နှင့်တစ်ယောက် ရှိုးတိုးရှန်းတန်း ဖြစ်တာမျိုးလည်း မရှိကြ။ အာပေါင်အာရင်း သန်သန်နှင့်  ပြောချင်ရာတွေ ပြောနေကြတော့သည်။ ဘီယာမဟုတ်ဘဲ အရက်တွေပါ မော့လာကြပြီမို့ ပါးတွေက ခပ်ရဲရဲ။ လျှာတွေကလည်း သွက်လာကြသည်။ ပင်လယ်လေက အမူးရှိန်ကို လီဗာ ဖြဲပေးနေသယောင်။ ယောက်ျားလေး နှစ်ယောက်က ဦးဆောင်ပြီး ဂစ်တာတီး။ ကျန်သည့်လူတွေက လိုက်ဆိုနှင့် ကမ်းစပ်မှာ သူတို့ အုပ်စုပဲရှိနေကြသလို။

ဩဃညံက ဂစ်တာတစ်လက်ကို မူပိုင်ယူထားသည်။ သူ့ဘေးတစ်ဖက်တစ်ချက်တွင် ပြဒါးနှင့် လေပြေသွေး ရှိသည်။ သည်နေ့ ဩဃညံကို လေပြေသွေးက ဖွင့်ပြောမယ် ဆိုတာကို ပြဒါး သိထားသည်။ သူကလည်း 'အင်း ညံ လက်ခံမှာပါ' လို့ လေပြေသွေးကို မရေမရာ မျှော်လင့်ချက် ပေးမိသည်။ သူ့အတွက် ဘယ်အရာကမှ မရေရာပါ။
ညံ့အတွက် သူ့ရဲ့ တည်ရှိနေမှုကလည်း မသေချာပါ။ အနာဂတ်တွေကလည်း မရေရာပါ။ 
အရာအားလုံးက ပင်လယ်လို။ နေဝင်ချိန်လို။ ဝိုးတဝါး။

Je hebt het einde van de gepubliceerde delen bereikt.

⏰ Laatst bijgewerkt: Apr 13, 2023 ⏰

Voeg dit verhaal toe aan je bibliotheek om op de hoogte gebracht te worden van nieuwe delen!

Mini StoriesWaar verhalen tot leven komen. Ontdek het nu