အဝေရာတမ်းချင်း-၂(အဝေရာတမ်းချင်း)

3.7K 493 33
                                    

Unicode

Part(2)

"ဟေး လူ...ရပ်သင့်ပြီနော်။ ဘယ်ထိပြေးဦးမို့လဲ? နောက်မီးတစ်လုံးတောင်ထောင်တော့မယ်။"

သူရှေ့ကလူရဲ့လက်ကို ဖြုတ်ကာ စူဆောင့်ပြီးပြောလိုက်သည်။
"ဆောရီး ကလေး…ပြေးဆိုလို့"

သူတို့ရောက်နေသည့်နေရာသည် မီးကြိုးများသွယ်ထားသည့်အပင်နားဖြစ်သည်။အလင်းရောင်အားကောင်းကောင်းပြန်ရနေပြီမို့ ထိုလူရဲ့မျက်နှာကိုလည်း ရှင်းလင်းစွာမြင်ရတော့သည်။
သေချာတယ် ဒီလူက ရန်ကုန်သားပဲ။ ဝတ်ပုံစားပုံနှင့် အသားအရေ၊ရုပ်ရေရူပကာ ၊အသံအနေအထားအရ နယ်ခံလုံးဝမဖြစ်နိုင်ချေ။
"ထားဗျာ..."

သူစကားထပ်မဆိုတော့ပဲ နေရာကနေ ပြန်ထွက်လာတော့သည်။ ရုတ်တရက်နောက်ပြန်လှည့်ကြည့်လိုက်တော့ ငူငူငိုင်ငိုင်နဲ့ သူ့နောက်ထပ်ကြပ်မကွာပါလာသည့်လူကြောင့် အနည်းငယ်လည်းလန့်သွားရသည်။
"ဘာလိုက်လုပ်တာလဲ"

"ဘယ်အပေါက်ကထွက်ရမှန်းမသိတော့လို့။ဟို ကိုယ့်ကိုယ် ဖုန်း တစ်call လောက်ပေးဆက်ပါလား။"

ဖုန်းသူခိုးများလားဟု သင်္ကာမကင်းဖြစ်မိပေမဲ့လည်း ဝတ်ထားသည့်ကုတ်အခြေအနေကိုကြည့်ပြီး မဖြစ်တန်ကောင်းရာဟုပြန်တွေးမိလိုက်ကာ
မိမိ၏တရုတ်ဖုန်းလေးကိုထုတ်ပေးလိုက်ရသည်။
သိပ်မကြာခင်မှာပဲ ထိုလူ့အိတ်ကပ်ထဲကနေဖုန်းမြည်လာသည်။
သူ့ဖုန်းကိုပြန်ပေးလာကာ
"ကိုယ် ကလေးဖုန်းနံပါတ်ကိုလိုချင်လို့"

မိုးမေလင်းကို ကလေးလား။
သူနေရာမှာတင် တောင့်ခဲသွားရသည်။ လူပေါင်းများစွာရှေ့မှာဖွန်ကြောင်ခံနေရသည်လား။ယောက်ျားကြီးတစ်ယောက်ဆီကနေလေ။

သူဖုန်းကို အလျင်အမြန်ပဲယူလိုက်ရင်း ချက်ချင်းပင် လူအုပ်ကြားထဲကနေ တွန်းထိုးရင်း အမြန်ပြန်ပြေးလာရတော့သည်။ ရည်းစားလိုချင်တဲ့သူ့ရဲ့ဆန္ဒကို မိုးကောင်းကင်က ဖြည့်ဆည်းပေးတာကိုလက်ခံပါသည်။ ဒါပေမဲ့ ကိုးတောင်ကျား မင်းယောက်ျားကို လိုချင်တာမဟုတ်ဘူးလေ။ မိုးနတ်မင်းက လူမှားပို့လိုက်တာလားမသိပါဘူး။
သူဇာဏီပြန်လာခေါ်မည်ဆိုတာကိုပင်မစောင့်ပဲ အိမ်သို့ပြန်လာရတော့သည်။

Mini StoriesWo Geschichten leben. Entdecke jetzt