*31* အကောင်စုတ်

10.4K 1.7K 5
                                    

ကျန်းစွန်းကျစ်ချန် စကားပြောလိုက်တဲ့အသံပိုင်ရှင်က သူ့နဲ့စာသင်ဖက်တပည့် စုန့်မောင် ဆိုတာမှတ်မိလိုက်သည်။ ဒါကြောင့် သူခေါင်းငုံ့ထားရင်းထွက်လာလိုက်၏။

စုန့်မောင်က သူ့ကိုတွေ့တာနဲ့ ရွဲ့တဲ့တဲ့စကားတွေစပြောတော့သည်။
"မင်းက တစ်ကယ်ဘဲ ဦးလေးရှန်းရဲ့ အိမ်ထဲမှာဘဲ...ဟမ့် ငါက မင်းတာဝန်ပြီးဖို့ ငါ့မှော်လက်နက်ကိုခိုးယူပြီးနောက်မှာ နှိမ့်ချနေမယ် ဒါမှမဟုတ် ဒီမှာဆက်နေဖို့ရှက်ပြီး ဟိုင်လုရွာကရော ဟိုင်ရှန်းကျောင်းတော်ကနေပါ အထုတ်သိမ်းပြီးထွက်သွားလိမ့်မယ်ထင်နေတာ... မထင်ထားခဲ့ဘူး မင်းရဲ့ဂုဏ်သတင်းကို ပြန်ထိန်းဖို့အတွက် ဦးလေးရှန်းရဲ့အကူအညီနဲ့ သူတော်စင်အဆင့်လက်နက်တစ်ခုထုလုပ်ပြီး ဒါကို မင်းလုပ်တာပါလို့ ဦးလေးရှန်းကိုရည်ရွယ်ချက်ရှိရှိနဲ့ ပြောခိုင်းခဲ့မယ်လို့..။ မင်းတော်တော် အရှက်မရှိတာဘဲ..။ မင်းက လူတိုင်းကို ငတုံးတွေလိုမျိုး လွယ်လွယ်လှည့်စားလို့ရမယ်များထင်နေတာလား..။ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် သူတော်စင်အဆင့်ကို မပြောနဲ့ဦး အဆင့်နိမ့်မှော်လက်နက်တောင် ထုလုပ်နိုင်မှာမဟုတ်ဘူး..။ ဟာသဘဲ.."

ဒါကိုကြားလိုက်တဲ့အခါ လာကြည့်နေကြတဲ့ ကျောင်းတော်ရဲ့တပည့်တွေက အသံနှိမ့်ပြီး တီးတိုးပြောကုန်ကြ၏။
"လတ်စသတ်တော့  သူက ဥးလေးရှန်းလုပ်ခဲ့တဲ့ဟာကို သူ့မှော်လက်နက်ပါဆိုပြီး သူ့ဂုဏ်သတင်းကိုထိန်းသိမ်းချင်နေတာကိုး.။ သူကတော်တော် အရှက်မရှိတာဘဲ..။ အခုလေးတင် သူဒါကိုတစ်ကယ်လုပ်ခဲ့တာလို့ ငါထင်နေတာ.."

ကျန်းစွန်းကျစ်ချန် မျက်နှာတည်သွားရသည်။
"စုန့်မောင် မှော်လက်နက်ကိုခိုးယူခဲ့တဲ့ ပြစ်မှုကျူးလွန်သူအစစ်ကဘယ်သူလဲဆိုတာ မင်းက ငါ့ထက်ပိုသိမယ်ထင်တယ်..။ ကျိုရွှီဂိုဏ်းထဲဝင်ပြီးနောက်ပိုင်း ဝေစုတွေရကြတဲ့အခါ မင်းဘာများလုပ်နိုင်ခဲ့လို့လဲ..။ မင်း ဒီနေရာမှာနေတဲ့ ရက်တွေတစ်လျှောက်မှာလည်း မှော်လက်နက်ကောင်းတစ်ခုမှ မထုလုပ်နိုင်ခဲ့ဘူး....။ အနှေးနဲ့အမြန် လူတိုင်းက မင်းမှာ ဘာအရည်အချင်းမှမရှိဘူးဆိုတာ ရှာတွေ့သွားကြမှာဘဲ..."

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now