*32* ဒါကလျှို့ဝှက်ချက်

10.4K 1.7K 5
                                    

ရှန်းလွီ့ ကျန်းစွန်းကျစ်ချန်ရဲ့ မှော်လက်နက်ကို ထပ်ကြည့်လိုက်မိသည်။ မှော်အင်းကွက်က လက်နက်ပေါ်မှာ ပေါ်နေပြီး နီရွှေရောင်တွေ လင်းလက်နေသည်။

ရုတ်တရက် လက်နက်က ညည်းသံထွက်လာကာ စွမ်းအားကြီးတဲ့ ဝိညာဥ်စွမ်းအားနဲ့ တိုက်ခိုက်ရေးစွမ်းအားတွေထွက်ပေါ်လာပြီး ချက်ချင်းဘဲ စုန့်မောင်ကို အဝေးကို တွန်းကန်ထုတ်လိုက်သည်။

"ဂျွတ်"    စုန့်မောင်ရဲ့ လက်နက်ပေါ်မှာ အက်ရာတစ်ခုပေါ်လာပြီး လက်နက်ရဲ့စွမ်းအားတွေကခဏလေးအတွင်းမှာ အားလျော့လာတာ သူခံစားမိလိုက်၏။

စုန့်မောင် ထိတ်လန့်တကြားနဲ့ သူ့လက်ထဲက ဓားရှည်ကိုကြည့်လိုက်ပြီး မယုံကြည်နိုင်စွာနဲ့ပြောလိုက်သည်။
"ပြီးခဲ့တဲ့နှစ်ရက်က ငါမင်းရဲ့လက်နက်ပေါ်မှာ အက်ရာတစ်ခုဖြစ်အောင်လုပ်ခဲ့တာ.....အဲ့တာက အရင်ကလောက်အစွမ်းမထက်တော့တာသေချာနေတာကို ပြီးတော့ ငါ့လက်နက်ထက်လည်းအဆင့်နိမ့်သေးတယ်..အဲ့တာက ငါ့ရဲ့အစစ်အမှန်လက်နက်ကို ကျိုးပျက်အောင် ဘယ်လိုလုပ်နိုင်သွားရတာလဲ.."

ကျန်းစွန်းကျစ်ချန်လည်း အရမ်းကို အံ့အားသင့်နေ၏။ လက်နက်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက အရင်ကထက် ပိုကောင်းလာတာကို သူသိသိသာသာကိုခံစားနေရသည်။ အဆင့်၂ မှော်လက်နက်တွေထက်တောင်မနိမ့်ကျတော့ပေ။

သူမနေနိုင်တော့ဘဲ သူ့ဓားကိုတစ်ချက်ပြန်ကြည့်လိုက်တဲ့အခါမှာ နဂိုအင်းကွက်က မရှိတော့တာ တွေ့လိုက်ရသည်။ အဲ့အစား စက္ကူအင်းကွက်ပေါ်က ဟာနဲ့တူတဲ့ အင်းကွက်အသစ်က လက်နက်ပေါ်မှာရှိနေတာ တွေ့လိုက်ရ၏။

လက်နက်ရဲ့ စွမ်းအားတိုးလာတာက အင်းကွက်ကြောင့်များလား....။

ကျန်းစွန်းကျစ်ချန် အမျာကြီးတွေးမနေတော့ဘဲ ဓားကိုပင့်ကာ စုန့်မောင်ကို စတင်တိုက်ခိုက်လိုက်တော့သည်။

စွမ်းအားကြီးတဲ့ တိုက်ခိုက်မှုက စုန့်မောင်ကို ကြောက်လန့်တစ်ကြားနောက်ဆုတ်သွားစေပြီး သူအော်ဟစ်လိုက်၏။ ထို့နောက် ကျောက်တုံးအသေးလေးကို ခလုတ်တိုက်မိပြီး မြေကြီးပေါ်လဲကျသွားရသည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now