*33* ကလေးတွေအဖေကငါ့ကိုကာကွယ်ပေးလိမ့်မယ်

11.4K 1.8K 18
                                    

'လျှို့ဝှက်ချက်' ဆိုတဲ့စကားလုံးက လူတိုင်းရဲ့သိချင်စိတ်ကိုပိုပြင်းပြစေပြီးတော့ သူတို့ရဲ့ နှလုံးသားကို ငှက်မွှေးလေးနဲ့ ကလိနေသလို ဖြစ်စေသည်။

လေ့စိုင့် သိချင်စိတ်ကိုမထိန်းနိုင်တော့ဘဲ စာကြည့်ခန်းကနေထွက်သွားပြီး ရုန်ယိအခန်းပြတင်းပေါက်နားကိုသွားလိုက်သည်။ ပြတင်းပေါက်က စက္ကူဖြူကို လက်ချောင်းနဲ့ တိတ်တိတ်လေး ထိုးဖောက်လိုက်ပြီး နောက် အပေါက်သေးလေးကနေ အခန်းထဲ ချောင်းကြည့်လိုက်၏။

ရုန်စု နဲ့ ရုန်ဟွမ်ကလည်း သူ့နောက်ကနေလိုက်ပြီး ရုန်ယိကို ထောက်လှမ်းနေကြ၏။

အခန်းထဲမှာတော့ ရုန်ယိက အဆိပ်ပုလင်းကို ဂရုတစိုက်နဲ့ဖွင့်လိုက်ပြီးနောက် သူ့လက်ကောက်ဝတ်က မှော်လက်နက်ကို ဖြုတ်ယူလိုက်သည်။ လက်ကောက်က ဓားအသေးလေးတွေထဲကတစ်ခုကို ပုံမှန်အရွယ်အစားအတိုင်းပြောင်းလိုက်ကာ သူ့ဝိညာဥ်စွမ်းအားကိုသုံးပြီး အဆိပ်အနည်းငယ်ကို စုပ်ယူလိုက်သည်။

အဆိပ်က သူ့လက်ဖဝါးပေါ်မှာ ပေါလောပေါ်နေပြီးနောက် အလုံးပုံစံလေးပြောင်းသွားပြီးနောက် သူ့ဘာသာဘဲ အလုံးပုံစံလေးကနေ လေးထောင့်ပုံပြောင်းသွား၏။ ဖြေးညှင်းစွာနဲ့ အဆိပ်ရဲ့ မျက်နှာပြင်ပေါ်မှာ အင်းကွက်တစ်ခုပေါ်လာသည်။

ရုန်ယိ လက်ဖဝါးကိုမှောက်ချလိုက်ပြီး ဓားရဲ့ထိပ်ကို အကွာအဝေးတစ်ခုကနေပြီး ပွတ်ဆွဲသွားလိုက်သည်။ ထို့နောက် ဓားရဲ့ထိပ်မှာ သေးငယ်တဲ့အစိမ်းရောင် အင်းကွက်လေးတစ်ခုပေါ်လာပြီး သူဓားကို အောင်မြင်စွာနဲ့ မွမ်းမံပြီးသွားပြီဟု ပြောပြနေလေသည်။

သူစိတ်ဝိညာဥ်လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး ဓားအိမ်ကို တစ်ဖက်လှန်လိုက်ကာ ခုနကလိုဘဲ ဓားအိမ်ရဲ့ အခြေမှာ အဆိပ်ကိုချိတ်ဆက်လိုက်ပြန်၏။ ပြီးနောက်မှာတော့ ဓားကို သူ့နဂိုပုံစံပြန်ပြောင်းလိုက်ပြီး ကျန်တဲ့ဓားလေး ၃၅ ချောင်းကိုလည်း သူတို့ရဲ့ လုပ်ဆောင်ချက်အမျိုးမျိုးကို မွမ်းမံနိုင်ရန်အတွက် ထပ်တူညီတဲ့ နည်းလမ်းကိုဘဲ သုံးသွား၏။

နောက်ဆုံးသော ဓားလေးက အောင်မြင်စွာ မွမ်းမံပြီးသွားတဲ့အချိန်မှာဘဲ ရုန်ယိရဲ့ မှော်လက်နက်က သန်မာလှတဲ့ စိတ်ဝိညာဥ်စွမ်းအားကို နောက်တစ်ကြိမ်ထုတ်လွှတ်လိုက်ပြန်၏။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now