*34* ဖွီးးးး

10.5K 1.9K 21
                                    

ရုန်ယိ ပြန်မေးလိုက်သည်။
"ဓားကျင့်ကြံခြင်းမှာ ဓါးတိုတွေ လှံတွေသုံးတာကို တားမြစ်ထားတဲ့ စည်းမျဥ်းတွေ ရှိလို့လား"

"ဓားကျင့်ကြံခြင်းလေ  ပြောရရင် ကျင့်ကြံတဲ့အခါ ဓါးကိုဘဲ သုံးတာမလို့ ဓားကျင့်ကြံခြင်းလို့ခေါ်တာပေါ့"

"ဒါဆို တစ်ခြားသူတွေနဲ့တိုက်ခိုက်ဖို့ တစ်ခြားပုံသဏ္ဍာန်ရှိတဲ့ မှော်လက်နက်တွေကိုသုံးလို့ရှိရင် ဒါကို ဓားကျင့်ကြံခြင်းလို့ ခေါ်လို့မရဘူးလို့ မင်းကပြောချင်တာလား"

ရှင်းဟယ် "....."

တစ်ချို့မှော်လက်နက်တွေက ဓားပုံစံရှိနေဖို့ မလိုပေ။ တစ်ခါတစ်ရံမှာ လက်နက်တွေက သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို မူတည်ပြီး ပုံစံအမျိုးမျိုးရှိတတ်ကြသည်။

ရုန်ယိ ထိုင်ခုံကိုမကာ ယင်ကျင်းရဲ့ ဘေးနားအနည်းငယ်တိုးကပ်သွားပြီးမေးလိုက်သည်။
"ကလေးတွေအဖေ ကျွန်တော့်ရဲ့ မှော်လက်နက်က အံ့သြဖို့မကောင်းဘူးလား"

ယင်ကျင်းရဲ့က မှော်လက်နက်ကို လက်ထဲကိုင်ထားရင်း
"ဒါက အခြေတည်အဆင့်အောက်နဲ့ ချီသန့်စင်အဆင့်ကသူတွေအတွက်တော့ တစ်ကယ်ကောင်းမွန်တဲ့မှော်လက်နက်တစ်ခုဘဲ ။ ဒါက အဆင့်၃ မှော်လက်နက်တစ်ခုနဲ့ ညီမျှတယ်  ။ မင်းရွှေအမြုတေအဆင့်ကိုမရောက်ခင်...."

ပြောနေရင်းနဲ့ အခုလေးတင် ရုန်ယိက ဓားကျင့်ကြံသူဖြစ်ချင်တယ်လို့ပြောခဲ့တာကို ပြန်တွေးလိုက်မိပြီး သူ့စကားကိုပြန်ပြောင်းလိုက်၏။
"မင်း ဓားမွမ်းမံမှုအဆင့်ကို မရောက်သေးခင်အထိ မင်းရဲ့ မှော်လက်နက်ကို ပြောင်းသုံးဖို့မလိုဘူး.."

"ကျွန်တော် ဘယ်ပါဝင်ပစ္စည်းအမျိုးအစားကိုသုံးထားတယ်ဆိုတာကိုရော မပြောနိုင်ဘူးလား.."
ရုန်ယိ ထပ်မေးလိုက်သည်။

တစ်ကယ်တော့ သူတို့ပြန်ရောက်တာနဲ့ ဟိုင်လုရွာမှာဖြစ်ခဲ့သမျှ အလုံးစုံကို ရုန်စုက ယင်ကျင်းရဲ့ကို ပြန်ပြောပြပြီးပြီဖြစ်ကြောင်း သူသိ၏။

ယင်ကျင်းရဲ့က ဘာတစ်ခွန်းမှပြန်မပြောပေ။

"ကျွန်တော် ဒီလို သာမန်ပါဝင်ပစ္စည်းတွေကနေပြီးတော့ သူတော်စင်အဆင့်လက်နက်တစ်ခုရအောင် ဘယ်လိုမျိုးလုပ်ခဲ့တာလဲ ခင်ဗျားသိချင်လား.."

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now