*35* ဒီကလေးကိုပြန်လုပ်လို့ရလား

11.4K 2K 114
                                    

"ဟားဟား....ဟားဟား..."
ရှင်းဟယ် အရင်တုန်းက ဒီလိုရယ်ရတဲ့ဟာမျိုးတစ်ခါမှမတွေ့ခဲ့ဖူးတာကြောင့် အကျယ်ကြီးအော်မရယ်ဘဲ မနေနိုင်တော့ပေ။

ယင်ကျင်းရဲ့လည်း နှုတ်ခမ်းထောင့်စွန်းတွေ အနည်းငယ်ကွေးတက်သွား၏။

"ဖေဖေ.."
ယင်ထောင် သူ့မျက်နှာပေါ်က နို့တွေကို သုတ်ပစ်လိုက်ပြီး ခေါင်းလေးမော့လာကာ သနားစဖွယ်ပုံစံလေးနဲ့ ပြောလာသည်။
"သား ဗိုက်ဆာတယ်"

"ငါ့မှာ ဘယ်လိုလုပ်ပြီးတော့များ မင်းလို ဒုက္ခပေးတတ်တဲ့သားတစ်ယောက်ရှိနေရပါလိမ့်နော်"
ရုန်ယိ ဒေါသဖြစ်စွာနဲ့ မျက်ဆန်လှန်လိုက်မိပြီး သူ့လက်ကောက်ဝတ်ကို ယင်ထောင်အရှေ့ကို ထိုးပေးလိုက်သည်။
"ဒီမှာ စုပ်သောက်...စုပ်သောက်"

ယင်ထောင်က လက်ကောက်ဝတ်ကိုကြည့်ပြီး သူ့ရင်ဘက်ကိုပါထပ်ကြည့်လာသည်။

"အဲ့အကြောင်းစဥ်းတောင်မစဥ်းစားနဲ့  မင်းဒါကိုဘဲ စုပ်သောက်လို့ရမယ်"
ထို့နောက် ရုန်ယိလက်ကို သူ့ပါးစပ်နားမှာတေ့ပေးလိုက်၏။

ဒီတော့မှ ယင်ထောင် ပါးစပ်လေးကို ဖြေးဖြေးလေးဖွင့်လိုက်ပြီး စတင်စုပ်သောက်တော့သည်။

ရှင်းဟယ် မျက်မှောင်ကြုတ်နေရင်းမေးလိုက်၏။
"သခင်ငယ်လေးက နေ့တိုင်း သွေးကို သောက်ဖို့လိုအပ်တာလား...ရပ်လိုက်လို့မရဘူးလား..."

"နောက်နှစ်ဝက်လောက်ပြန်အားဖြည့်ပြီးရင်တော့ သူအဆင်ပြေသွားပါပြီ"
ရုန်ဟွမ်က ခန်းမထဲ လျှောက်ဝင်လာရင်း ပြန်ဖြေပေးလိုက်သည်။

"တစ်ခြားတစ်ယောက်က ဗိုက်ထဲမှာရှိနေသေးတာက တော်သေးတယ်..မဟုတ်ရင်တော့ အမြွှာနှစ်ယောက်လုံးက တစ်ပြိုင်ထဲ စုပ်သောက်ရင်တော့ သခင်လေးခံနိုင်မှာမဟုတ်ဘူး"

"အိုးး ဟေ့လူတွေ ငါ့ဗိုက်ထဲမှာ အခုလောလောဆယ် နောက်ထပ်ကလေးတစ်ယောက်လွယ်ထားရတယ်ဆိုတာကို သတိမပေးဘဲ မနေနိုင်ဘူးလား.."
ရုန်ယိ သူ့နဖူးသူကိုင်ထားရင်း ပြောလိုက်၏။

ရှင်းဟယ် နောက်တစ်ကြိမ် မရယ်ဘဲ မနေနိုင်တော့ပေ။

ဒီအကြိမ်မှာတော့ ယင်ကျင်းရဲ့ ရဲ့နှုတ်ခမ်းတွေက ပိုလို့တောင် ကွေးညွှတ်သွားရသည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now