*36* ဘယ်လောက်ထက်ရှလိုက်တဲ့မေးခွန်းလဲ

10.7K 1.8K 10
                                    

ရုန်စုကတော်တော့်ကို မြန်သည်။ ရုန်ယိ မနက်စာစားလို့ပြီးတဲ့အချိန်မှာ သူကလိုအပ်တဲ့ ပါဝင်ပစ္စည်းတွေအကုန်လုံးနဲ့ ပြန်ရောက်လာသည်။

"သခင်လေး ကျွန်တော် ပြန်ရောက်ပြီ"
ရုန်စုက ရုန်ယိရှေ့က စားပွဲပေါ်မှာ ပါဝင်ပစ္စည်းတွေကိုချပေးလိုက်ပြီး သူ့ကြည့်ရတာ မှုန်ကုပ်ကုပ်ဖြစ်နေသည်။

သူ့ရဲ့မျက်နှာနဲ့ ဝတ်စုံပေါ်က နှုတ်ခမ်းနီရာတွေကိုတွေ့လိုက်တာကြောင့် ရုန်ယိ အံ့အားသင့်သွားပြီး သူ့ကိုစလိုက်၏။
"မင်း ဒီနှုတ်ခမ်းနီရာတွေဘယ်ကနေရလာတာလဲ..ဒါတွေဝယ်ဖို့ ဆောင်ကြာမြိုင်ကို သွားခဲ့တာတော့ မဟုတ်ပါဘူးနော်"

"သခင်လေးရဲ့ အစ်မတွေရောက်နေကြတယ်... သခင်လေး.."
ရုန်စုက အံကြိတ်ရင်း ပြန်ဖြေလိုက်ပြီး သူ့မျက်နှာသူပွတ်သုတ်ပစ်လိုက်သည်။

"အာာ.." ရုန်ယိ အံ့အားသင့်သွားရ၏။
"ငါ့အစ်မတွေ..?"

မူလပိုင်ရှင်မှာ မောင်နှစ်မတွေရှိတာလား..။

"ရှောင်ယိယိ! ငါတို့လာတယ်...မင်းက ဘာလို့ ငါတို့ကိုတောင်ထွက်မကြိုရတာလဲ.."
အဲ့အချိန်မှာဘဲ အခန်းအပြင်ကနေ တက်ကြွနေပြီး ယောက်ျားဆန်တဲ့ အသံကိုကြားလိုက်ရသည်။

ရုန်ယိ ထိုယောက်ျားမဟုတ် မိန်းမမဟုတ်တဲ့အသံကြောင့် ကြက်သီးတွေထလာသည်။ ထို့နောက် မိန်းမလိုဝတ်စားထားတဲ့ လူလေးယောက် အခန်းထဲဝင်လာကြ၏။

သူ သူတို့ရဲ့မျက်နှာတွေကိုမြင်လိုက်ရတဲ့အခါမှာ တံတွေးသီးမလိုတောင်ဖြစ်သွာရသည်။

ထိုလူတွေက ပန်းရောင်တွေ ခရမ်းရောင်တွေပါတဲ့ဝတ်စုံတွေဝတ်ထားပြီး မျက်နှာပေါ်မှာ ပါးနီတွေ ပုလဲမှုန့်တွေကိုလည်းလိမ့်ထားသေးကာ ဆံပင်ကိုလည်း လှပတဲ့ ကျစ်ဆံမြီးတွေ ကျစ်ထားကြ၏။ သူတို့ရဲ့ ဝတ်စားပြင်ဆင်ပုံကိုကြည့်ရင် တစ်ကယ့်မိန်းကလေးတွေပင် ။ ဒါပေမဲ့ ဒီရိတ်ထားတဲ့အမွှေးတွေနဲ့ ထင်းနေတဲ့ လည်စေ့ကြီးတွေက ဘာသောက်ကျိုးနဲကြီးတွေလဲ...။

"ရှောင်ယိယိ အချစ်ကလေး မင်းငါတို့ဆီလာမလည်တာတောင်ကြာပြီနော်..။ ငါတို့ကို သူငယ်ချင်းတွေလို့ရော သတ်မှတ်ထားသေးရဲ့လား..။ ဒီနေ့တော့ ငါတို့ကို အချိန်ပေးမယ်မလား.."
ခရမ်းရောင်ဝတ်စုံနဲ့ ချီယွဲ့ရှီက ရုန်ယိလက်ကိုဆွဲခေါ်ကာ
"လာ လာ မင်းအခန်းကိုသွားပြီး မိန်းကလေးစကားဝိုင်းဖွဲ့ရအောင်.."

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now