*37* ငါရှက်လိုက်တာ

10.1K 1.8K 3
                                    

ချီယွဲ့ရှီ နဲ့ ကျုံးကျစ်ချောင် တို့က အချင်းချင်းကြည့်လိုက်ကြပြီး ငှက်မွှေးဂါဝန်ကို ကောက်ယူကာ အပေါ်က ပုံစံတွေကိုညွှန်ပြလိုက်သည်။
"ငါတို့ ဂါဝန်ရဲ့ကာကွယ်မှုစွမ်းရည်ကို တိုးလာအောင်လို့ ဒီပေါ်မှာ အစီအရင်တွေ အင်းကွက်တွေကို ပန်းထိုးထားတယ်...မင်း အင်းကွက်တွေ အစီအရင်တွေကို မြင်ရလား.."

"မမြင်ရဘူး"
ရုန်ယိ ပန်းထိုးထားတာတွေကို ခဏလောက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်၏။

"ဒါက ဝတ်စုံတွေပေါ်မှာ အင်းကွက်တွေ အစီအရင်တွေကို တိုက်ရိုက်ကြီး ထိုးထားတာထက် ပိုလှတယ်လို့မထင်ဘူးလား.."
ကျုံးကျစ်ချောင် က ပျော်ရွှင်နေတဲ့အမူအရာနဲ့ မေးလာသည်။

"ဒါက ပိုကြည့်ကောင်းတယ်"
ရုန်ယိ ခေါင်းငြိမ့်ပြလိုက်သည်။

ခေတ်သစ်ကမ္ဘာမှာတော့ အင်းကွက်တွေအစီအရင်တွေကို ဝတ်စုံတွေအပေါ်မှာထိုးရတာက ကြည့်လို့မကောင်းသောကြောင့် သူတို့က များသောအားဖြင့် အဝတ်ရဲ့အတွင်းဘက်မှာ ထိုးကြသည်။ နောက်ပိုင်းမှာ ဒီဇိုင်နာတစ်ယောက်က ဒါတွေကိုလှပတဲ့ပုံစံတွေအဖြစ် ဒီဇိုင်း ရေးဆွဲခဲ့ပြီး ဝတ်စုံတွေရဲ့အပြင်ဘက်မှာ ပန်းထိုးခဲ့ပြီး အဲ့တာက ကျင့်ကြံသူတွေနဲ့ သာမန်လူတွေကြားမှာ ကြီးမားလှတဲ့ ရိုက်ခတ်မှုတစ်ခုဖြစ်စေခဲ့သည်။ ဒီဇိုင်နာတွေက သူ့လိုမျိုးအတုယူပြီးလိုက်လုပ်ဖို့ကြိုးစားခဲ့ပေမယ့် သူ့လောက်ကောင်းအောင်တော့ မလုပ်နိုင်ခဲ့ကြပေ။

ချီယွဲ့ရှီ က သဘောတကျရယ်ပြီး ပြောလာသည်။
"ငါတို့က ဒီလိုပန်းထိုးထားတဲ့ဂါဝန်တွေရောင်းဖို့စဥ်းစားထားကြတာ ငါ့ရဲ့ယိယိလေး..မင်းရော ဘယ်လိုထင်လဲ.."

ရုန်ယိက သူ့ကိုခဏလောက်စိုက်ကြည့်နေပြီးနောက် မေးလိုကျသညျ။
"ဆိုတော့ ဒီအဓိပ်ပါယျမရှိတာတှအေားလုံးပွီးတဲ့အခါမှာ မင်းတို့ တစ်ကယ်တမ်း လိုချင်တာက ဆိုင်တစ်ဆိုင်ဖွင့်ဖို့ ဟုတ်တယ်မလား.."

"ဟုတ်တယ်"
ကျုရှင့်ယွီကပြောလိုက်သည်။
"အရင်က ဒီလိုမျိုး ဘယ်သူမှ မလုပ်ဖူးသေးဘူးလေ.ဒါကြောင့်ငါတို့က ပထမဆုံးဒါမျိုးလုပ်တဲ့သူဖြစ်ချင်တာ..။ ငါတို့က မိန်းကလေးအသုံးအဆောင်တွေလည်းရောင်းလို့ရတယ်..ဥပမာ..အသေအချာပြုလုပ်ထားတဲ့ ပါးနီတို့ ၊ ပုလဲမှုန့်တို့ အလှအပဆေးလုံးတို့ပေါ့..။ ဒါတွေကိုရောင်းရတာက အကြောင်းပြချက် ၃ခု ရှိတယ်..ပထမဆုံး မိန်းကလေးအသုံးအဆောင်တွေကနေ ပိုက်ဆံကိုလွယ်လွယ်ကူကူရှာလို့ရမယ်..ဒုတိယ ငါတို့ရဲ့ ထုတ်ကုန်တွေက ပိုက်ဆံသိပ်မသုံးနိုင်တဲ့ကျင့်ကြံသူတွေပါ တတ်နိုင်လောက်အောင် စျေးသင့်တင့်တယ်..တတိယအချက်ကတော့ ဒီကျုံးဟိုင်ပြည်နယ်မှာ ဒီလိုဆိုင်မျိုး တစ်ဆိုင်မှမရှိသေးဘူး..။ ငါတို့က ဒါမျိုးကို ကြိုးစားပြီးလုပ်ကြည့်ချင်တယ်.."

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now