*38* မင်းသူတို့တွေရဲ့နောက်ကြောင်းတွေကိုစုံစမ်းပြီးသွားပြီမလား

10K 1.7K 9
                                    

သူတို့ထွက်သွားတာနဲ့ ရုန်ယိ ရုန်စုဆီကိုသွားလိုက်သည်။ သူ စိတ်ဝိညာဥ်ကျောက်တုံးတွေနဲ့ ကိုယ်ဝန်ဖျက်ချဆေးမဝယ်ပါဘူးဆိုတာကို ရုန်စုယုံကြည်ဖို့ရန်အတွက် ချီယွဲ့ရှီတို့ရဲ့စီးပွားရေးအစီအစဥ်တွေကို ရုန်စုကိုပြောပြလိုက်သည်။ ပြီးမှ သူ့မှာ အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံး ငါးဆယ်ရှိလားမေးလိုက်သည်။

ရုန်စုခေါင်းထဲမှာ ပထမဆုံးပေါ်လာတဲ့မေးခွန်းက
"ပြောချင်တာက သူတို့ဆိုင်ဖွင့်ပြီးသွားရင် ဒီကိုခဏခဏလာလို့မရတော့ဘူးပေါ့?"

"သူတို့သာဆိုင်ဖွင့်ခဲ့မယ်ဆိုရင် ဆေးလုံးသန့်စင်တာတွေ အဝတ်အစားတွေမှာပန်းထိုးတာတွေနဲ့ အလုပ်တွေရှုပ်နေတော့မှာပေါ့..သူတို့မှာ ဒီကိုလာဖို့အချိန်ဘယ်လိုလုပ်ရှိတော့မလဲ"

ရုန်စု အနားက အစေခံလေးတစ်ယောက်ကို စိတ်ဝိညာဥ်ကျောက်တုံးတစ်အိတ် လျှင်မြန်စွာပေးလိုက်ပြီး
"သူတို့နောက်ကနေမြန်မြန်လိုက်ပြီး သခင်လေးချီကို ဒီအဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံးငါးရာ ပေးခဲ့ပြီး အဝတ်စနဲ့ ပါဝင်ပစ္စည်းတွေများနိုင်သမျှများများဝယ်လို့ ပြောလိုက်..။ ပြီးတော့ ဆိုင်ခန်းနေရာအတွက်စိုးရိမ်စရာမလိုဘူးလို့ ငါတို့သခင်က မြို့လယ်တစ်ဝိုက်မှာ သူတို့သုံးလို့ရတဲ့ ဆိုင်ခန်းကြီးကြီးတစ်ခန်းရှိတယ်လို့ပါ ပြောခဲ့။ သူတို့လုပ်ရမှာက သူတို့ရဲ့ထုတ်ကုန်တွေကိုသေချာလေးဂရုစိုက်ရုံဘဲလို့"

"ဟုတ်ကဲ့"
အစေခံလေးက စိတ်ဝိညာဥ်ကျောက်တုံးထုတ်ကြီးကိုယူပြီး ပြေးထွက်သွားသည်။

ရုန်စု အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။ ဒီစိတ်ဝိညာဥ်ကျောက်တုံးအိတ်ကြီးနဲ့ဆိုရင် ချီယွဲ့ရှီနဲ့သူ့သူငယ်ချင်းတွေကို သန့်စင်တာတွေ ပန်းထိုးတာတွေနဲ့ လပေါင်းများစွာအလုပ်ရှုပ်အောင်လုပ်ထားလို့ရပြီး သူတို့မှာ ယင်အိမ်တော်နဲ့ သူ့ဆီကိုလာဖို့အချိန်ရှိမှာမဟုတ်တော့ပေ။

ရုန်ယိ သူ့ကိုစလိုက်၏။
"မင်း သူတို့ကို အဲ့လောက်တောင်ကြောက်လား"

"သခင်လေး..သခင်လေးသိပါတယ်..သူတို့က ကျွန်တော့်ကိုမြင်လိုက်တိုင်း ယောက်ျားတစ်ယောက်ကိုအရင်ကတစ်ခါမှ မမြင်ဖူးသလိုပုံနဲ့ ကျွန်တော့်ဆီပြေးဝင်လာကြတာ။ ကျွန်နော့်တစ်ကိုယ်လုံးကိုလိုက်ပွတ်သပ်နေကြပြီး နမ်းတောင်နမ်းကြသေးတယ်"
ချီယွဲ့ရှီ နှင့်သူ့သူငယ်ချင်းတွေအကြောင်းပြောလိုက်တာနဲ့ ရုန်စုမျက်နှာကြီး ချက်ချင်းတည်သွားသည်။ ရုန်ယိကြောင့်သာမဟုတ်ရင် သူ သူတို့တွေကိုရိုက်နှက်ပစ်ပလိုက်ပြီ။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now