*39* ဖြစ်ရမယ့်ဟာကဖြစ်လာမှာဘဲ

9.8K 1.8K 4
                                    

"ကိုယ်ရံတော်ရုန်.. သခင်လေးရဲ့ ဆရာတူအစ်ကိုကြီးရောက်လာပါတယ်"

ရုန်စုမျက်နှာ ချက်ချင်းဘဲအုံ့မှိုင်းသွား၏။
"သူက ဒီကိုဘာလာလုပ်တာလဲ..။ ငါသူ့ကိုမတွေ့ချင်ဘူး"

"ငါတို့က သခင်လေးအစားဆုံးဖြတ်ချက်ချပေးလို့မရဘူးလေ..ဒါ့အပြင် ဧည့်သည်ကအိမ်ထဲရောက်နေပြီ ငါတို့က သူ့ကိုပြန်သွားခိုင်းလိုက်ရင် ရိုင်းစိုင်းရာကျလိမ့်မယ်"
ရုန်ဟွမ်က ရုန်စုကိုတစ်ချက်ကြည့်ကာ နူးညံ့စွာပြောလိုက်သည်။

ပိုင်ယွမ်ချန်ဝင်လာတာတွေ့တဲ့အခါ ရုန်စု စိုးရိမ်စွာနဲ့တီးတိုးပြောလိုက်သည်။
"သူ့ကိုတွေ့လိုက်ရင် သခင်လေးက သူ့ရဲ့အရင်ပုံစံကိုပြန်ပြောင်းသွားမှာလား"

"ဖြစ်ရမယ့်ဟာက ဖြစ်လာမှာဘဲ"
ရုန်ဟွမ်ပြန်ဖြေလိုက်သည်။ ပိုင်ယွမ်ချန်လျှောက်လာတာတွေ့လိုက်တာကြောင့် သူနဲ့ရုန်စုတို့ မျက်နှာထားတည်တည်နဲ့နှုတ်ဆက်လိုက်၏။
"တွေ့ရတာဝမ်းသာပါတယ် ကျင့်ကြံသူပိုင်"

ပိုင်ယွမ်ချန် သူတို့ကိုပြန်နှုတ်ဆက်လိုက်တဲ့အချိန်မှာ ရုန်ယိက လေ့စိုင့်နဲ့ တစ်ခြားသူတွေကို အစီအရင်နေရာချထားဖို့တွေ ရှင်းပြနေတာတွေ့လိုက်ရသည်။ အစီအရင်ထဲကို သူ့ဝိညာဥ်စွမ်းအားထည့်သွင်းနေတာမြင်တဲ့အခါ သူ့မျက်လုံးတွေကျဥ်းမြောင်းသွားပြီး အသံအက်အက်နဲ့မေးလိုက်သည်။
"ရှောင်ယိ ဘယ်အချိန်ကဝိညာဥ်စွမ်းအားရှိသွားတာလဲ"

ရုန်ဟွမ်က ပြန်ဖြေလိုက်သည်။
"ပြီးခဲတဲ့ နှစ်ရက်က"

ရုန်ယိ ရှင်းပြပြီးတဲ့အခါ လေ့စိုင့်နဲ့ တစ်ခြားသူတွေက အစီအရင်ကို သူတို့ဘာသာဆက်ပြီး စီစဥ်ကြတော့သည်။ ထို့နောက် ရုန်ယိတစ်ဖက်ပြန်လှည့်လိုက်တဲ့အခါမှာ ပိုင်ယွမ်ချန်ကို တွေ့လိုက်ရတာကြောင့် တောင့်သွား၏။ ဒါပေမဲ့ မကြာခင်မှာဘဲ သတိပြန်ဝင်လာပြီး သိမ်မွေ့တဲ့အပြုံးလေးနဲ့ ပိုင်ယွမ်ချန်ကိုနှုတ်ဆက်လိုက်သည်။
"ဆရာတူအစ်ကိုကြီး ရောက်နေတာလား"

ရုန်ယိကိုဘဲ တောက်လျှောင်ကြည့်နေခဲ့တဲ ရုန်စုခင်မျာ သူအရင်တုန်းကလို ပိုင်ယွမ်ချန်ကိုပြေးမဖက်တာတွေ့တော့မှဘဲ စိတ်သက်သာရာရစွာ သက်ပြင်းမှုတ်ထုတ်နိုင်တော့သည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now