*40* လူတွေကပြောင်းလဲကြတယ်

9.7K 1.9K 11
                                    

ရုန်ယိနဲ့ ပိုင်ယွမ်ချန် အလယ်ခြံဝန်းထဲကိုလျှောက်လာကြသည်။ တစ်ယောက်က ဗိုက်ကြီးကိုထိန်းပြီးဖြေးဖြေးချင်းလျှောက်နေတဲ့အချိန်မှာ တစ်ခြားတစ်ယောက်က တစ်ဖက်လူကို အဖော်ပြုပေးဖို့ ခြေလှမ်းတွေကိုနှေးပြီးလျှောက်နေ၏။

တစ်ယောက်မှစကားမပြောကြပေမဲ့ ခြံဝန်းထဲက သစ်ပင်တွေကတော့ နွေဦးလေရဲ့တိုက်ခတ်မှုကြောင့် တရှဲရှဲမြည်နေလေသည်။

"အားယား...ငါတို့သခင်လေးရဲ့ ဆရာတူအစ်ကိုကြီးက ထပ်ရောက်လာပြန်ပြီ.."
အနီးနားက အစေခံတစ်ယောက်ကပြောလိုက်၏။

"ပူစရာမဟုတ်တာကို ပူမနေနဲ့"
တစ်ခြားအစေခံတစ်ယောက်က ထပ်ပြောလာသည်။
"အခု အိမ်တော်ထဲမှာ သခင်ရှိနေတယ်လေ...ဘယ်သူကမှ သခင်လေးကိုအဝေးကိုခိုးပြေးသွားနိုင်မှာမဟုတ်ဘူး."

"အင်းးး..ဘယ်ရှုထောင့်ကနေဘဲကြည့်ကြည့် ငါတို့သခင်ကပိုပြီးတောင် ဆွဲဆောင်မှုရှိသေးတယ်"

"သခင်ကသာလုံလောက်အောင် ဆွဲဆောင်မှုမရှိခဲ့ရင် သူပြန်လာပြီးနောက်ညကနေစပြီးတော့ သခင်လေးက သခင့်အခန်းထဲမှာအိပ်ပါ့မလား"

ပိုင်ယွမ်ချန် အနီးနားကအစေခံတွေကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

ရုန်ယိ ပါးစပ်ထောင့်တွေတွန့်သွားရပြီး အစေခံတွေဘက်ကိုခေါင်းလှည့်ကာ အံကြိတ်ရင်းပြောလိုက်သည်။
"မင်းတို့ရဲ့ ကိုယ်ပိုင်အတင်းအဖျင်းစကားဝိုင်းကို နည်းနည်းလောက်အသံလျှော့ပြောပေးလို့ရမလား"

သောက်ချီးတဲ့မှ....

သူတို့ဒါတွေကို ပိုင်ယွမ်ချန်ကြားအောင် တမင်သက်သက်ပြောနေတာကို လူတွေမသိမှာများစိုးနေတာလား...။

အစေခံတွေက ရယ်မောလိုက်ကြပြီး သူတို့လုပ်လက်စအလုပ်တွေပြန်လုပ်နေကြတော့သည်။

ရုန်ယိ ပိုင်ယွမ်ချန်ဘက်ကို ပြန်လှည့်လိုက်ပြီး သူတို့ရှေ့က ကျောက်တုံးအဆောင်ငယ်လေးကို ညွှန်ပြလိုက်သည်။
"ဆရာတူအစ်ကိုကြီး အဲ့နေရာမှာ လူသိပ်မရှိဘူး...သွားကြရအောင်"

"အင်း.."

နားနေဆောင်လေးကိုလာပြီး ဘေးနားမှာဘယ်သူမှမရှိဘူးဆိုတာအတည်ပြုပြီးတော့မှ ပိုင်ယွမ်ချန်ချက်ချင်းဘဲမေးလာသည်။
"မင်းဘယ်သူလဲ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now