*41* ဒီလိုရလဒ်က လူတိုင်းအတွက်ကောင်းပါတယ်

9.8K 1.8K 3
                                    

ယင်ကျင်းရဲ့ ကျောက်တုံးအဆောင်ငယ်ပေါ်ကသူကို မျက်လုံးထောင့်ကနေတစ်ချက်သာကြည့်လိုက်ပြီး ရှေ့ဆက်လျှောက်သွား၏။

ရုန်ယိကတော့ လက်မလျှော့ပေ။
"ကလေးတွေအဖေ...ဘယ်သွားမလို့လဲ"

နောက်ထပ်လည်း ယင်ကျင်းရဲ့က အဖြေပြန်ပေးမလာချေ။

ယင်ကျင်းရဲ့နောက်ကလိုက်လာတဲ့ ဝမ်ချွမ်က ပြုံးလိုက်ပြီး
"သခင်လေး...သခင်က သခင်ငယ်လေးကို ကျောင်းကနေသွားကြိုမလို့ပါ"

ဒါက သူနဲ့ယင်ကျင်းရဲ့တို့နီးစပ်ဖို့အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။ သူဒါကိုလက်လွတ်မခံနိုင်..။ ဒါကြောင့် ရုန်ယိ သူ့ရဲ့ကလေးလွယ်ထားရတဲ့ဗိုက်ကြီးကိုသယ်ပြီး ကျောက်တုံးလှေကားတွေပေါ်ကနေအမြန်ပြေးဆင်းလိုက်သည်။
"ကျွန်တော့်ကိုစောင့်ဦး...ကျွန်တော်လည်းခင်ဗျားနဲ့အတူလိုက်မယ်"

"သခင်လေး...ဖြေးဖြေး..ဖြေးဖြေး..ဂရုစိုက်ပါ"
အမှောင်ထဲမှာပုန်းပြီး ချောင်းကြည့်နေတဲ့ရုန်စုမှာ ရုန်ယိတစ်ယောက် ကျောက်တုံးလှေကားတွေပေါ်ကနေ ဘောလုံးတစ်လုံးလို မြန်ဆန်စွာဆင်းချလာတာတွေ့တဲ့အခါ သူ့နှလုံးသားလေးခင်မျာ လည်ချောင်းထဲကနေတောင်ခုန်ထွက်တော့မလိုဖြစ်ပြီး ချက်ချင်းထွက်လာကာ သူ့ကိုလှမ်းထိန်းပေးလိုက်ရသည်။

ဝမ်ချွမ်က ကျောက်တုံးအဆောင်ငယ်ထဲက ပိုင်ယွမ်ချန်ကိုကြည့်လိုက်ပြီး ဝင်ပြောလိုက်သည်။
"သခင်လေး...ကျင့်ကြံသူပိုင်က အရေးကြီးဧည့်သည်လေ...သခင်လေး သူ့ကိုဒီမှာတစ်ယောက်တည်းထားခဲ့တာက သင့်တော်ပါ့မလား"

"အိုး..ဟုတ်သားဘဲ...ငါ့ဆရာတူအစ်ကိုကြီးဒီမှာရှိနေသေးတာ ငါမေ့သွားတယ်"
ရုန်ယိ လှေကားပေါ်ကဆင်းပြီးနောက် နောက်ပြန်လှည့်ကာ အော်ပြောလိုက်သည်။
"ဆရာတူအစ်ကိုကြီး ကျွန်တော်အပြင်သွားမလို့...ကျွန်တော်ပြန်လာမှဘဲ အစ်ကိုကြီးကိုလာပြီးအဖော်ပြုပေးတော့မယ်နော်...ဟေး..ကလေးတွေအဖေ လမ်းကိုမြန်မြန်မလျှောက်နဲ့လေ..ကျွန်တော့်ကိုစောင့်ပါဦး...စောင့်ဦးလို့"

ယင်ကျင်းရဲ့က မြန်မြန်လျှောက်နေတာကြောင့် သူကလည်းမြန်မြန်အမှီပြေးလိုက်ရ၏။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now