*42* အလိုလိုက်ခံရဖို့မွေးဖွားလာတာ

10.2K 1.7K 10
                                    

နေ့လည်မှာတော့ များစွာသောမြင်းလှည်းတွေက ဟိုင်ရှန်းကျောင်းတော်ရဲ့ ဂိတ်ဝမှာ ကလေးတွေကိုလာကြိုဖို့ရောက်ရှိနေကြလေသည်။

အတန်းပြီးသွားတဲ့အချိန်မှာ ကလေးတွေက အတန်းထဲကနေ ပျားတွေလိုမျိုးစုပြုံပြီးပြေးထွက်လာကြ၏။ အကုန်လုံးကတူညီဝတ်စုံလေးတွေဝတ်ထားကြတာကြောင့် ဘယ်သူကဘယ်သူမှန်းမပြောနိုင်ပေ။

ရုန်ယိ ဗိုက်ကြီးကိုထိန်းပြီး ခြေဖျားထောက်ရပ်ကာ သူ့ကလေးထွက်လာတာမတွေ့လိုက်မှာစိုးတာကြောင့် ကျောင်းပေါက်ဝကိုစိုက်ကြည့်နေလေသည်။

အချိန်တွေရွေ့လျားပြီး မြင်းလှည်းတွေတစ်စီးပြီးတစ်စီးထွက်သွားကြပြီး ကလေးတွေထွက်လာတာနည်းသထက်နည်းလာကြပေမဲ့ ရုန်ယိ ယင်​ေထာင်ထွက်လာတာကိုမမြင်ရသေး။

မြင်းလှည်းမောင်းသမားကပြောလိုက်သည်။
"သခင်လေး..သခင်ငယ်လေးကို သူ့ဆရာခေါ်ထားတာဖြစ်လိမ့်မယ်"

"သူ့ဆရာခေါ်ထားတယ်"
ကျောင်းထဲကနေတစ်ယောက်မှ ထပ်ထွက်မလာတာတွေ့တဲ့အခါ ရုန်ယိမေးလိုက်၏။
"ငါတို့အထဲဝင်ပြီး ချယ်ရီသီးလေးကိုသွားရှာလို့ရလား"

"ရပါတယ်"
မြင်းလှည်းမောင်းသမားက ဂိတ်ဝကိုလျှောက်သွားပြီး ဂိတ်စောင့်တွေကို အလယ်အလတ်အဆင့်စိတ်ဝိညာဥ်ကျောက်တုံးတစ်တုံးဆီပေးလိုက်သည်။

အစောင့်တစ်ယောက်က ဘာလို့ကျောင်းတော်ထဲဝင်ချင်တာလဲဆိုတာကို သာမန်ကာသျှံကာသာမေးလိုက်ပြီးနောက် ခေါင်းငြိမ့်ပြကာဝင်ခွင့်ပြုလိုက်သည်။

မြင်းလှည်းမောင်းသမားက ပြန်လာပြီးပြောလိုက်သည်။
"သခင်..သခင်လေး..ကျွန်တော်တို့အထဲဝင်လို့ရပါပြီ"

ယင်ကျင်းရဲ့က အရင်ဆုံးမြင်းလှည်းထဲကနေထွက်လိုက်သည်။

မြင်းလှည်းမောင်းသမားက သူ့သခင် နင်းသွားလို့ရအောင် ချက်ချင်းဘဲ မြေပေါ်ဒူးထောက်ချကာ ခါးကိုင်းချပေးလိုက်သည်။

ယင်ကျင်းရဲ့က တုံ့ဆိုင်းမနေဘဲ သူ့ပေါ်ကနေ နင်းသွားလိုက်၏။

ရုန်ယိ စုပ်သပ်လိုက်သည်။
"ကျစ်ကျစ်..ဘယ်လိုတောင် အလိုလိုက်ခံထားရတဲ့ကလေးလဲ...တစ်ခြားသူပေါ်ကနေမနင်းဘဲနဲ့ ခင်ဗျားလှည်းပေါ်ကနေပြီး မဆင်းတတ်တော့ဘူးလား"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now