*43* တုံးအလိုက်တဲ့ကောင်လေး

10.2K 1.7K 6
                                    

ယင်ထောင်က တံခါးဘေးနားကထောင့်လေးမှာထိုင်နေသည်။ တစ်ခြားကလေးတွေက သူနဲ့နှစ်မီတာလောက်ဝေးတဲ့နေရာမှာထိုင်နေကြပြီး သူတို့တွေက ကမ္ဘာနှစ်ခုခြားနေသလိုဖြစ်နေသည်။ ကလေးတွေက စကားတွေပြောပြီး ရယ်မောတက်ကြွနေကြတဲ့အချိန်မှာ ယင်ထောင်က အရမ်းအထီးကျန်နေပြီး သိသိသာသာကိုကွဲထွက်နေလေ၏။

သင်ခန်းစာက မှော်လက်နက်တွေသန့်စင်ထုလုပ်တဲ့အကြောင်းဖြစ်၏။ ထိုကလေးတွေက တစ်ခြားတပည့်တွေနဲ့ ဆွေးနွေးကြဖို့လွတ်လွတ်လပ်လပ်လျှောက်သွားနေကြပြီး သူတို့ လက်နက်သန့်စင်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကိုလည်းအလိုရှိသလိုသွားယူနိုင်ကြ၏။

တသ်ချို့ငယ်ရွယ်တဲ့ကလေးတွေက အတော်လေးဆိုးသွမ်းကြ၏။ သူတို့က ယင်ထောင် ထောင့်မှာတစ်ယောက်တည်းထိုင်နေတာကိုတွေ့တဲ့အခါမှာ သူ့ရဲ့ပါဝင်ပစ္စည်းတွေကိုလုယူကြပြီး သူ့ရဲ့သန့်စင်နေတဲ့မီးဖိုထဲကိုပစ်ထည့်ကြတာကြောင့် ယင်ထောင်ရဲ့ သန့်စင်ခြင်းလုပ်ငန်းစဥ်မှာ ကြီးမားတဲ့ပြဿနာများစွာဖြစ်စေလေသည်။

ကလေးတွေရဲ့ မှော်လက်နက်သန့်စင်တာအတွက်တာဝန်ရှိတဲ့ ကျင်းထုံက ထိုဆိုးသွမ်းတဲ့ကလေးတွေကိုအပြစ်မတင်ဘဲနဲ့ ယင်ထောင်ကိုသာရှုတ်ချလာသည်။
"ဆရာတူညီလေးယင် မင်းရဲ့ကိုယ်ပိုင်ပါဝင်ပစ္စည်းတွေကိုတောင် မထိန်းသိမ်းနိုင်ဘဲနဲ့ မှော်လက်နက်သန့်စင်တာကိုမင်းဘယ်လိုသင်ယူမှာလဲ.. ပြီးတော့ငါမင်းကိုပြောတာ ဘယ်နှစ်ခါရှိနေပြီလဲ..ပုံစံကောင်းရုံတင်မဟုတ်ဘူး ကြည့်လို့လှပတဲ့ပုံပါရှိရမယ်လို့။ မင်းသန့်စင်ထားတဲ့လက်နက်က မှော်လက်နက်လို့ခေါ်လို့ရတယ်လို့မင်းထင်နေတာလား..ဒါက အမှိုက်နဲ့တောင် နှိုင်းယှဥ်လို့မရဘူး.."

ပြောနေရင်းနဲ့ သူက ယင်ထောင်ရဲ့ခေါင်းကိုလက်ချောင်းတွေနဲ့တွန်းလိုက်သည်။
"မင်းဒီနေ့ ထပ်ကျရှုံးခဲ့မယ်ဆိုရင် အိမ်ပြန်စရာမလိုတော့ဘူး..ဒီမှာဆက်နေပြီး မှော်လက်နက်ရဲ့ပုံစံကောင်းအောင် ဘယ်လိုသန့်စင်ရမလဲဆိုတာ ဆက်လေ့ကျင့်ရမယ်"

ဘေးကဖြတ်သွားဖြတ်လာတစ်ယောက်တောင်မှ ဒီမြင်ကွင်းကိုတွေ့ရင် ဒေါသထွက်မှာဘဲဖြစ်၏။ ယင်ထောင်ရဲ့မိဘတွေဆိုရင်တော့ပြောမနေနဲ့တော့..။ ရုန်ယိ မြင်းလှည်းမောင်းသမားကိုမေးလိုက်သည်။
"ချယ်ရီသီးလေးနဲ့ ပါလာတဲ့ကိုယ်ရံတော်ရော...သူဘယ်မှာလဲ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now