*45* သုံးဘီး

9.7K 1.7K 13
                                    

ကျောင်းထဲရောက်တာနဲ့ ယင်​ေထာင်သူ့ရဲ့ သိုလှောင်လက်စွပ်ထဲက ကစားစရာကိုထုတ်ယူကာ အတန်းကိုသွားတဲ့လမ်းတစ်လျှောက် စီးနင်းသွားတော့၏။

ကျောင်းတော်က တပည့်တွေက ဒီလိုထူးဆန်းတဲ့ ပစ္စည်းမျိုးအရင်ကတစ်ခါမှမတွေ့ဖူးခဲ့ပေ။ ထိုစပ်စုလိုတဲ့ကလေးတွေက ယင်ထောင်ဘေးမှာ သူစီးနေတာကိုလိုက်ကြည့်နေကြ၏။
"လူဖြစ်ဖြစ် မိစ္ဆာသားရဲဖြစ်ဖြစ်မဆွဲပေးဘဲနဲ့ သူ့ဘာသာသူရွေ့လျားနိုင်တာ တစ်ကယ်အံ့သြဖို့ကောင်းတာဘဲ..ဒါက ဝိညာဥ်စွမ်းအားနဲ့မောင်းနှင်ရတာလား."

"ငတုံး ဒါကဝိညာဥ်စွမ်းအားကြောင့်ရွေ့တာဆိုရင် မင်းခြေထောက်ကိုအဲ့ပေါ်တင်ထားစရာလိုမလား"

"ဟုတ်သားဘဲ"

ကလေးတစ်ယောက်က ယင်ထောင်ကိုမေးလိုက်သည်။
"ဆရာတူညီလေး..မင်းစီးနေတဲ့ဟာက ဘာကြီးလဲ"

ယင်ထောင်ပျော်ရွှင်စွာဘဲ ပြန်ဖြေပေးလိုက်သည်။
"ဒါ ငါ့ဖေဖေငါ့အတွက်လုပ်ပေးထားတဲ့ သုံးဘီး"

"သုံးဘီး"
ကလေးတွေအကုန် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီးနောက် သူတို့ဒီအရာကို အရင်ကတစ်ခါမှမကြားဖူးကြောင်းပြောလာခဲ့သည်။

ယင်ထောင် သူ့သုံးဘီးလေးကိုအရှိန်မြင့်နင်းပြီး အတန်းနားထိ စီးလာခဲ့သည်။ အနားက ကလေးတွေက သူ့ကစားစရာကိုတွေ့တဲ့အခါ အကုန်လုံးကစားနေတာကိုရပ်ပြီး သူ့ကိုလိုက်ကြည့်နေကြလေသည်။

"သူဆော့နေတာဘာကြီးလဲ..ပျော်စရာကောင်းမဲ့ပုံဘဲ..ငါလည်းဆော့ချင်တယ်"

"ငါရောဘဲ"
ကလေးတွေက ပျော်စရာကောင်းတဲ့ကစားစရာကိုတွေ့လိုက်တာနဲ့ သူတို့မျက်လုံးလေးတွေတောက်ပလာကြပြီး တစ်ယောက်ပြီးတစ်ယောက် ယင်ထောင်နားကိုရောက်လာကြတော့သည်။

ယင်ထောင်ရဲ့အတန်းဖော်တစ်ယောက်ရဲ့ကိုယ်ရံတော်က သူ့သခင်လေးကိုတားဆီးလိုက်သည်။
"သခင်လေး...သူကယောက်ျားတစ်ယောက်ရဲ့ဗိုက်ထဲကနေမွေးလာတဲ့ မျိုးမစစ်လေးလေ..သခင်လေးသူနဲ့ကစားလို့မရဘူးလေ..ကျွန်တော်တို့သဘောတူထားကြတယ်မလား..သခင်လေးဆော့ချင်ရင် တစ်ခြားတပည့်တွေနဲ့ဆော့လို့ရတာဘဲ..တစ်ခြာပျော်စရာကောင်းတဲ့ကစားနည်းတွေကိုအတူတူဆော့လို့ရတယ်လေ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now