အခန်း (၁၄)

2.2K 205 8
                                    

တဖြည်းဖြည်းဖြင့် ရုပ်လုံးပေါ်လာသော ဗိုက်လေးကိုကြည့်ကာ သူပြုံးလိုက်မိသည်။ လေးလကျော် ငါးလထဲကိုရောက်လာတော့ အရမ်းကြီးမဟုတ်သော်လဲ အနည်းငယ်တော့သိသာလာသည်။

ဆရာဝန်ညွှန်ကြားချက်တွေအရရော ကိုယ်တိုင်ကလည်း မိမိကိုယ်ကို ပြန်ဂရုစိုက်မိတာကြောင့် ပိန်ပါးပြီးဖျော့တော့ပြီး ကျန်းမာရေးမကောင်းသော ပုံစံကနေ အနည်းငယ်ပြည့်လာကာ ဖျော့တော့နေသော အသားအရည်ဟာ သူ့ရဲ့နဂိုပုံမှန်အသားအရောင်ဖြစ်သော ဝါဝင်းသောအရောင်ဖက်ကိုရောက်လာသည်။

နဓိုကထက်ပို၍ရှည်လျားလာသော ဆံနွယ်တွေကို ညှပ်ပစ်လိုက်ဖို့စဉ်းစားမိသော်လဲ ဆံနွယ်တွေကို နမ်းရှိုက်ရတာကြိုက်တယ်ဟူသော စကားကိုကြားယောင်မိတော့ ဆံနွယ််တွေကိုဖြတ်ပစ်ဖို့ကို လက်လျော့လိုက်မိသည်။

မှန်ထဲမှာပေါ်နေသော ကိုယ်လုံးလေးဟာ နဂိုကထက်ကို ပြည့်လာကာ ကြည့်လို့ကောင်းလာသည်။ အနည်းငယ်ပူနေသော ဗိုက်ကိုစမ်းမိတော့ ဟိုနေ့က ဂုဏ်ထည်ဝါမောင်ဆိုသော အမျိုးသမီး၏ပြောစကားကို ကြားယောင်လာမိသည်။

လက်ဖဝါးရဲ့အပူငွေ့တွေဟာ ဗိုက်ပေါ်မှာကျရောက်နေသလို သန္ဓေသားလောင်းလေးဟာ မိန်းကလေးဖြစ်လေမလား ယောကျာ်းလေးဖြစ်လေမလား အနည်းငယ်တော့သိချင်လာမိသည်။ ဘာလေးပဲဖြစ်ပါစေ ချစ်မြတ်နိုးမည်မှာသေချာသော်လဲ အနည်းငယ်တော့ သိချင်စိတ်လေး ဖြစ်မိသား။

တိုးတိုးဖွဖွရယ်မိရင်း အတွေးနှင့်စိတ်ကူးနေမိသည်။ သို့သော်လဲ ယခုလက်ရှိဘဝကိုတွေးမိတိုင်း ဘာဆက်၍လုပ်ရမှန်းမသိအောင် လမ်းပျောက်နေခဲ့သည်။ သူဘယ်လိုရုန်းထွက်ရမည်နည်း။

အချိန်တွေကြာလေလေ နစ်ဝင်နေသော ဒီလမ်းဟာ ပြန်လမ်းပျောက်လုနီးပါး။ အချို့ညတွေဟာ အထီးကျန်မှုကိုခံစားရတဲ့အချိန် သူ့ကိုယ်သူအထပ်ထပ်သတိပေးမိသည်။
သို့သော်လဲ ညတွေမှာ ထွေးပွေ့ထားသော ရင်ခွင်တစ်စုံကို တမ်းတနေမိတယ်ဆိုတာတော့ သူမဝန်ခံချင်လို့မရပေ။

သူကြောက်မိသည် နစ်ဝင်နေသောနွံကနေ ထွက်ဖို့ ဘာကို အားပြုလို့ပြုရမှန်းမသိ။ ကိုယ့်ကိုယ်ကို အထပ်ထပ်သတိပေးရင်း ကျော်ဖြတ်နေရတာဟာ တကယ်ကိုစိတ်ပျက်ဖွယ်ရာပင်။

Dandelion Where stories live. Discover now