အခန်း (၁၉)

2.1K 203 4
                                    

အလင်းရောင်ပျပျသာရှိသော အခန်းဟာ မှောင်နေသော်လဲ လက်တစ်ကမ်းစီက မီးခလုတ်ကိုဖွင့်လိုက်ဖို့အတွက် သူ့မှာခွန်းအားတကယ်မရှိခဲ့ပေ။ ပြီးတော့အမှောင်ဆိုတာ စိတ်ခံစားချက်တွေကို မမြင်အောင်ဖုံးကွယ်ဖို့ အကောင်းဆုံးအကာအကွယ် မဟုတ်ပါလား။

ကုတင်အစွန်းကိုအားပြုကာ ထိုင်ချလိုက်မိတာက ကြမ်းပြင်ပေါ်ကို။ မျက်ဝန်းကမျက်ရည်တို့ဟာ အတိုင်းမသိကျဆင်းလာတော့ နာနာကျင်ကျင်ပြုံးမိပြန်သည်။ ငိုချင်ခဲ့တာမျိုးမဟုတ်ပေမဲ့လို့ ငိုချင်စိတ်က တားဆီးလို့မရ။

ဒူးနှစ်ဖက်ကိုလက်ဖြင့်ပိုက်မိကာ အခန်းထဲမှာရှိုက်သံသဲ့သဲ့ဟာ ပျံ့လွှင့်လျက်။ ဒီအခန်းငယ်ထဲမှာ ဒါဟာ ဒုတိယအကြိမ်မြောက် ငိုခြင်းဖြစ်ခဲ့သလို နောက်ဆုံးအကြိမ်လဲဖြစ်သည်။

ထွက်ခွါသွားသော နောက်ကျောပြင်ကိုတဆုံးကြည့်မိတော့ ဝဲဘတ်ရင်အုံကနာကျင်ရသည်။ လက်ကိုလှမ်းကာ ဆွဲထားလိုက်ချင်ပေမဲ့ လှမ်းခွင့်မရှိသော လက်တွေကို တင်းကြပ်စွာဆုပ်ထားရသည်။ လွတ်ထွက်သွားမှာကို ကြောက်မိလို့။

ဖုန်းပြောသံကိုသူကြားမိကတည်းက ထိန်းချုပ်ထားသောစိတ်တွေဟာ လွတ်ထွက်ချင်ချင်။ နူးညံ့စွာပြောဆိုနေသော ထိုအမျိုးသမီး၏အသံဟာ ကြင်နာမှုအပြည့်ဖြစ်သော်လဲ သူ့အတွက်မနာလိုစိတ်ကိုနှိုးဆွနေသည်ကို ထိုအမျိုးသမီးသိပါလေစွ။

ပိုင်ရှင်ရှိနေသောသူကို ချစ်ကြိုက်မိသည်ဟူသောအသိဟာ ဦးနှောက်ကနေတစ်ဆင့်မလုပ်သင့်သော မဖြစ်သင့်သောအရာဟု ပြောဆိုနေသော်လဲ နှလုံးသားကတော့ ဤအရာကို ငြင်းပယ်လို့နေလေသည်။

သူ့မှာဝဋ်ကြွေးတွေကြီးလိုက်တာ.... မျက်ရည်စက်တွေကို လက်ဖြင့်သုတ်ကာ ကုတင်ပေါ်ကိုတက်လာပြီးလှဲမိတော့ မပျောက်ကွယ်သေးသည့်အငွေ့အသက်ကိုရသည်။ ပို၍ငိုချင်လာသော စိတ်ကိုထိန်းရသည်။

ထိုအမျိုးသမီးလှဲလျောင်းသွားသော ခေါင်းအုံးလေးကိုထိတွေ့မိတော့ အနည်းငယ်အေးစက်သွားပြီဆိုပေမဲ့လို့ ဒီလောက်လေးနဲ့ကျေနပ်ပါသည်။ ပိုင်ဆိုင်မှုတွေဟာ ဒီလောက်နဲ့တင်တော်ပါပြီ။

Dandelion Where stories live. Discover now