Part 17

3.2K 387 9
                                    

Unicode


" ပထမ ကောင်းကင်နဲ့မြေကြီးကို ဂါရ၀ပြုပါ "

" ဒုတိယ၊ ဘိုးဘွားဘီဘင်၊ဆွေမျိုးများကို ဂါရ၀ပြုပါ"

"တတိယအနေနဲ့ ဇနီးမောင်နှံအချင်းချင်း ဂါရ၀ပြုပါ"

မိမိရှေ့က သတို့သား၀တ်စုံနဲ့ မုယုံကို ဇာပဝါအောက်ကနေ အသာခိုးကြည့်ကာ ဂါရ၀ပြုရင်း ရှောင်းကျင်ပြုံးလိုက်၏ ။ ငယ်စဉ်ကတည်းက တိတ်တခိုးမေတ္တာသက်၀င်လာခဲ့သည့် မုယုံက ရှောင်းကျင်၏ခင်ပွန်းဖြစ်လာခဲ့ပြီ ။ ဒီနေ့ဒီအခါက သူမအမျှော်လင့်ရဆုံးအချိန် ။  ဒီအမျိုးသားဟာ ဘ၀တစ်သက်တာလုံး သူမနဲ့သက်ဆိုင်တော့မည်ဆိုတာ တွေးမိတော့ သူမအပျော်တွေကို ဖုံးဖိမရနိုင် ။

ဤလက်ထပ်ထိမ်းမြားပွဲကို အစ်ကိုတော်ဘုရင်မင်းမြတ်က စီစဉ်ပေးခဲ့တာပင် ။ မုယုံကို ရှောင်းကျင်နဲ့လက်ဆက်စေပြီး အိမ်ရှေ့စံအရာထိပေးခဲ့တာ ။ အစ်ကိုက ရှောင်းကျင်အတွက် စဉ်းစားပေးလွန်းတာမို့ အံ့အားသင့်ခဲ့ရ၏ ။
မုယုံလို လူရိုးလူအေးကြီးအစွမ်းအစနဲ့သာဆို ရှောင်းကျင်လက်ထပ်ဖို့ မဆိုထားနဲ့ ၊ သူ့ရင်ထဲကစကားတွေကို ထုတ်ပြောလိမ့်မယ်မဟုတ်။ မိမိပေးတဲ့ ပိုး၀တ်စုံ‌ကိုတောင် ငြင်းခဲ့တာသာကြည့်တော့ ။ တကယ်ပဲ ရိုးအလိုက်တဲ့လူကြီး ။

" မင်္ဂလာအခမ်းအနား အောင်မြင်စွာပြီးဆုံးပါပြီ "

အသစ်စက်စက်မောင်နှံဖြစ်သော ရှောင်းကျင်နှင့်မုယုံက တစ်ယောက်မျက်နှာတစ်ယောက် ရွှန်းရွှန်းစားစားကြည့်ကာ ကြည်နူးစွာ ပြုံးလိုက်ကြသည် ။ ခန့်ညားပြီး တည်ကြည်တဲ့ မုယုံနဲ့ သုံးပြည်ထောင်မှာ ပြိုင်စံရှားအောင်လှတဲ့ မင်းသမီးရှောင်းကျင် ။ သူတို့နှစ်ဦး၏ပေါင်းဖက်မှုသည် လိုက်ဖက်လွန်းတာကြောင့် အခမ်းအနားရှိ လူအားလုံးသည် မောင်နှံနှစ်ဦးကို အကြည့်မလွှဲနိုင်ကြ ။ ထို့အထဲတွင် ဧကရာဇ်ရှောင်းကျန့်လည်း အပါအ၀င်ဖြစ်သလို သူ့မျက်၀န်းတွင် ညီမငယ်အတွက် ၀မ်းမြောက်ခြင်းနှင့်အတူ နှမြောတသဖြစ်ခြင်းကပါ အရိပ်ထင်လျက် ။  သေချာသည်က သူနူးနူးညံ့ညံ့ပြုံးနေခဲ့ပါ၏ ။





𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )Where stories live. Discover now