Part 36

3.1K 332 4
                                    

Unicode

" မုလျို ...နင်ဒီကိုလာခဲ့စမ်း "

" မေမေ့ "

" ကျင်ကျင် "

ရှောင်းကျင်သည် ၀မ်ရိပေါ်လက်ထဲကနေ ကလေးကို ဇွတ်တရွတ်ဆွဲခေါ်သွားသည် ။ သူမရောက်နေသည်ကို ဘယ်သူမှသတိမထားမိလိုက်ကြပေ ။ မုလျိုမှာတော့ သူ့ကိုအကြမ်းပတမ်းဆွဲချီလိုက်တဲ့ မိခင်ပုံစံကြောင့် အလွန်အမင်းထိတ်လန့်နေရှာသည် ။ သူ့မေမေပုံစံက သူတစ်ခါမှမမြင်ဖူးတဲ့ တစ်ခြားတစ်ယောက်လို ‌ပြောင်းလဲလို့နေသည် ။

" ငါ့သားကို မထိနဲ့ ၀မ်ရိပေါ် ၊ သူ့ကို အန္တရာယ်ပေးဖို့ မကြိုးစားနဲ့ "

ရှောင်းကျင်သည် သားငယ်ကို သိမ်းကြုံးဖက်ထားပြီး ၀မ်ရိပေါ်ကို ခါးခါးသီးသီးပြောလိုက်ခြင်းဖြစ်သည် ။

" ကျင်ကျင် ...သူက ကလေးကို ဘာမှမလုပ်ပါဘူး၊ အတူဆော့ပေးရုံပါ "

" ဘာပဲဖြစ်ဖြစ် ကျွန်မလုံး၀မကြိုက်ဘူး၊ သူ့လိုလူမျိုး စိတ်ထဲမှာ ဘာအကြံစည်တွေရှိနေလဲ ဘယ်သူမှမသိနိုင်ဘူး ၊သင်းက ကျွန်သာသာအဆင့်ကနေ ဘုရင်ဖြစ်အောင်လုပ်နိုင်တဲ့အထိ အကြံပက်စက်တဲ့သူမျိုး"

နဂိုကတည်းက အမုန်းဓာတ်ခံရှိတဲ့ ရှောင်းကျင်သည် သားငယ်ကို ထိုလူ့လက်ထဲ တွေ့လိုက်ရသည့်အခါ သွေးတွေပိုဆူပွက်လာတာဖြစ်သည် ။ ပထမတစ်ခါ သူမအမျိုးသားအသက်ကို ယူသည် ။ မိမိတို့မိသားစုကို ကွဲကွာစေတဲ့သူ ၊ နောက်သူမအစ်ကိုတော်ရဲ့ ဘ၀တစ်ခုလုံးကို ဝါးမြိုခဲ့တဲ့သူ၊ ဒီလူ့လက်ထဲမှာ သားငယ်ကို‌ တစ်စက္ကန့်လေးမျှပင် စိတ်မချချင် ။ ဘုရင်မကလို့ မိုးနတ်မင်းဖြစ်နေပါစေ ၊ သူမနည်းနည်းမှ ဂရုမစိုက်။ သားနှင့်ပက်သက်လာလျှင် သူမရဲ့ဆင်ခြင်တုံတရားတွေ ပျောက်ဆုံးကုန်တာဖြစ်သည် ။

" ဒီမှာအမိ ၊ အပြစ်မရှိတဲ့ ကလေးတစ်ယောက်ကို အန္တရာယ်ပြုရလောက်တဲ့အထိ ကျုပ်မယုတ်မာဘူး "

ရှောင်းကျင်ပြောသမျှကို ၀မ်ရိပေါ်ထိုတစ်ခွန်းတည်းသာတုံ့ပြန်သည် ။ ရှောင်းကျန့်ရဲ့ညီမဆိုသည့်အသိနှင့် ၀မ်ရိပေါ်ပြင်းပြင်းထန်ထန်မတုံ့ပြန်ခဲ့ ။သို့ရာတွင် ခနဲ့တဲ့တဲ့အပြုံးကို ရှောင်းကျင်ပြုံးသည် ။ ၀မ်ရိပေါ်စကားကို ပြက်ရယ်ပြုသည့်သဘော ။

𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )Where stories live. Discover now