08

97.7K 7K 862
                                    

🎶🎵I want you to know
I love you the most
I'll always be there right by your side
'Cause baby, you're always in my mind
Just give me your forever (give me your forever)
I want you to know
That you'll be the one
And I'll be the guy who'll be on his knees🎶🎵

အိမ်ပြန်လမ်းတလျှောက် အချစ်သီချင်းနဲ့ပြည့်နှက်နေသည့်ကားပေါ်၌ အတူယှဥ်တွဲကာထိုင်နေသည့် လူနှစ်ယောက်ကတော့ တိတ်ဆိတ်လျှက်ပင်။just give me your forever(ကိုယ့်ကိုမင်းရဲ့ ထာ၀ရလေးဖြစ်ခွင့်ပေးပါ)
ဆိုသော စာသားရောက်သည့်အချိန်၌ ဟန်နရီကလွန်းထံသို့ မသိမသာလှမ်းကြည့်၏။

'ကိုကိုကြီး...ဒါအိမ်ပြန်တဲ့လမ်းလည်းမဟုတ်ဘူးနော်'

" အိမ်ပြန်နေတာမဟုတ်ဘူး'

'ဟင်....ဘယ်ကိုသွားနေတာလဲ'

" မင်းခဏလောက် ပါးစပ်ပိတ်ထားပေးလို့မရဘူးလား "

အော်ငေါက်နေတာမဟုတ်သော်လည်း အနည်းငယ်အမိန့်ဆန်သည့်လေသံကြောင့် လွန်းကမျက်နှာလွှဲကာငြိမ်သက်သွား၏။
အချိန်စက္ကန့်နဲ့အမျှ ရွေ့လျားပြောင်းလဲနေတတ်သည့် ဟန်နရီရဲ့စိတ်အတက်အကျကို လွန်းကိုယ်တိုင်လည်းမခန့်မှန်းတတ်တော့ပေ။

*****

အချိန်အတော်ကြာခရီးနှင်လာပြီးနောက် မြို့ပြရဲ့မလှမ်းမကမ်းတွင်တည်ရှိသော ကမ်းခြေတစ်ခုထံသို့ရောက်ရှိလာကြသည်။

'ရောက်ပြီ ဆင်းရအောင်'

စကားဆုံးသည်နှင့် ဟန်နရီကထိုကားပေါ်မှဆင်းကာ ကမ်းခြေဘက်သို့ ဦးတည်လျှောက်လှမ်းသွားတာမို့ လွန်းကကြောင်တောင်တောင်ဖြင့်သာ ထိုလူ့နောက်သို့ပြေးလိုက်ရတော့သည်။ဟန်နရီရဲ့မျက်နှာက တစ်စုံတစ်ယောက်ကိုလွမ်းဆွတ်နေဟန်ရှိသော်လည်း ဘာမှမခံစားရသည့်နှယ် မျက်နှာကိုခပ်တင်းတင်းသာ အံကြိတ်ထားတာမို့ သူ့ရင်ထဲ၌ဖြစ်ပေါ်နေသည့် ခံစားချက်ကိုခန့်မှန်း၍မရပေ။

'မင်းစိတ်ညစ်နေပြီလား'

'ဟင် ဘာကိုလဲ'

'ဘာမှမရှိတဲ့ ပျင်းစရာနေရာကြီးကိုခေါ်လာမိလို့လေ'

HANARY(S1+S2) Where stories live. Discover now