04

104K 8.3K 612
                                    

ညက ဒေါသတွေကို စိတ်ကြိုက်ပေါက်ကွဲလိုက်လို့ထင်သည်။
ဟန်နရီအခန်းထဲမှ ပစ္စည်းများကပြန့်ကျဲလျှက်။ ရောင်ခြည်နွေးနွေးက မှေးစင်းနေတဲ့ မျက်၀န်းတစ်စုံကို အတင်းတိုး၀ွေ့လာတဲ့အခါ သူနိုးစပြုလာတော့သည်။နံရံပေါ်မှနာရီကိုလှမ်းကြည့်လိုက်တော့ မနက်10နာရီ။

" Shit!.....နောက်ကျနေပြီ မနက်6နာရီရအောင်ထမယ်လုပ်ထားခါမှကွာ "

တစ်ယောက်တည်းမကျေနပ်ချက်တွေနဲ့အတူ နိုးထလာရသည့်မနက်ခင်းက သူ့အားအပြည့်အ၀တော့ပျော်ရွှင်အောင် မစွမ်းဆောင်နိုင်ပေ။
.
.
.
.
.
" လွန်းကတော့လေ သိပ်ကိုရယ်စရာပြောတတ်တာပဲ ဟီး" "

ထမင်းစားခန်းထဲမှာ အခိုင်းစေတွေနဲ့အတူ အလုပ်၀င်လုပ်နေတဲ့သူက အချိုးမပြေနိုင်သည့်လွန်းတာနေဆန်းပင်။
အိမ်ကမိန်းကလေးတွေကလဲပိုကိုပိုလွန်းတယ်...ယောကျ်ားလေးတယောက်ကို ဟိုကိုင်ဒီကိုင်နဲ့ရယ်မောနေလိုက်ကြတာများ စိတ်ပျက်စရာ။ဟိုကောင်ကလည်း သဘောကျနေတာလား ပါးချိုင့်တွေကိုတမင်အလှပြထားသလား အောက်မေ့ရတယ်။ဘယ်လိုပဲဖြစ်ဖြစ် သူ့မျက်စိထဲတွင်တော့ကြည့်ရတာအဆင်မပြေ။

'အရမ်းတွေသဘောကျနေတာလား'

ခပ်တင်းတင်းထွက်လာတဲ့အသံကြောင့် လွန်းကလုပ်လက်စအလုပ်တွေကိုခဏပစ်ကာ သူ့အားလှည့်ကြည့်လာ၏။

" မင်းကအဲ့မှာဘာလုပ်နေတာလဲ "

'လွန်းလွန်းက ကျောင်းပိတ်ရက်တိုင်း ဒေါ်ဒေါ်ထားတို့ကို ကူလုပ်နေကျပါသခင်လေး။လွန်းလေးကဟင်းချက်ကောင်းတယ်လေ "

ပန်းအိုးလဲပြီး ထမင်းစားခန်းထဲ၀င်လာတဲ့ ဒေါ်ထားက ဟန်နရီအားနားလည်အောင် သေချာရှင်းပြနေသည်။

" ဒါဆို ဒီနေ့သူချက်တာစားရမှာလား? ကျတော်ကဟင်းရွေးတယ်နော် "

" သခင်လေးအတွက်က ဒေါ်ဒေါ်ထားသပ်သပ်ချက်ပြီးပါပြီ
လွန်းလေးက ဒီအိမ်မှာအလုပ်လုပ်တဲ့သူတွေအတွက် ချက်ပေးတာပါ "

' အော်...သဘောထားပြည့်၀တဲ့ သူတော်ကောင်းကြီးပေါ့'

ခပ်ရွဲ့ရွဲ့ပြောနေတဲ့ စကားတွေက သူ့အတွက်မထူးဆန်းတော့တာမို့ လွန်းတစ်ဖက်ကိုမျက်နှာလွှဲကာ လုပ်လက်စအလုပ်တွေကိုသာ ဆက်လုပ်နေလိုက်သည်။

HANARY(S1+S2) Where stories live. Discover now