Ep-45(Uni/Zg)

66.7K 4.4K 1K
                                    

" ခင်ဗျား ပြန်တော့လေ ကျတော်အလုပ်သွားရအုံးမယ် "

နှုတ်ခမ်းလေးဆူပီး အ၀တ်လဲနေတဲ့လွန်းကို ဟန်နရီကတော့ အိပ်ယာပေါ်ကနေပဲ မေးထောက်ကာ ခပ်ပြုံးပြုံးလေးကြည့်နေလိုက်သည်...

" ပြန်တော့လို့ !!!!"

" ကိုပြန်ရင် အချစ်လဲပြန်လိုက်ခဲ့ရမှာ "

" မလိုက်နိုင်ပါဘူး ကျတော်ကဒီမှာပဲနေမှာ "

" မနေရပါဘူး ဒီမှာရေခဲသေတ္တာလဲမရှိ Airconလဲမရှိ မွေ့ယာလဲမရှိနဲ့ ဘာမှကိုအဆင်မပြေဘူး "

" အဲ့တာခင်ဗျားပဲမပြေတာလေ ကျတော်ကအဆင်ပြေတယ် "

" ကို့ကို နဲနဲလောက်ပဲစိတ်ကောက်ပြေပေးပါလားကွာ နော်"

" ဘယ်သူက စိတ်ကောက်နေလို့လဲ "

" ဟုတ်ပါတယ် ဘယ်သူမှစိတ်မကောက်ပါဘူး ကိုပဲကောက်တာပါ ကိုပဲကောက်တာ ရပီလား "

စိတ်ကောက်မပြေသေးတဲ့ လွန်းအနားကို ဟန်နရီချဥ်းကပ်သွားလိုက်ပီး အနောက်ကနေသိုင်းဖက်လိုက်သည်....

" ကို့ကို သနားရင်ပြန်လိုက်ခဲ့ပါအချစ်ရယ် နော် "

" ကျတော်အခုနေတဲ့နေရာနဲ့ အလုပ်နဲ့ကနီးနီးလေး အဲ့တာကြောင့် ကျတော်ဒီမှာပဲနေမှာ "

" ကိုမနက်တိုင်း စောစောထပီးအလုပ်လိုက်ပို့ပေးပါ့မယ်.....ပြန်တော့လိုက်ခဲ့ပေးပါကွာ နော်"

အရင်ထဲကတင်းထားတဲ့စိတ်တွေက အခုလိုလာချွဲနေပုံနဲ့ ဘယ်လိုများတောင့်ခံနိုင်ပါ့မလဲ...စိတ်ခံစားလွယ်တဲ့ ကျတော့်ကို ဒီတခါလဲသူပဲအနိုင်ရသွားပြန်ပီထင်ပါတယ်

" အဲ့တာဆိုလဲ ပြန်လိုက်ခဲ့မယ် ဒါပေမဲ့ခင်ဗျားကို ခွင့်မလွှတ်သေးဘူးနော် ခင်ဗျားကျတော့်ကို အများကြီးငိုအောင်လုပ်ထားတာ "

" ပြန်လိုက်ခဲ့ရင်ရပါပီ ကျန်တာကို အချစ်ခွင့်လွှတ်တဲ့အထိ ကိုကတောင်းပန်ပါ့မယ် "

" အဲ့တာဆိုလဲ ကျတော့်ကိုလွှတ်တော့ အလုပ်နောက်ကျတော့မယ် "

" အလွမ်းသယ်လို့တောင်မ၀သေးဘူး အလုပ်ကသွားရအုံးမှာလား "

HANARY(S1+S2) Where stories live. Discover now