Ch-14(Uni/Zg)

44.1K 3.1K 119
                                    

" ဒါက ဗစ်တာကိုအနိုင်ပိုင်းနိုင်ခဲ့တဲ့အတွက် Cheer!!! "

Clubတခု၏ VIPအခန်းထဲ အောင်ပွဲခံနေသူတို့က ပျော်ရွှင်လျှက်ပင်...ထိုအထဲမှ Robertဆိုသူက လက်ထဲမှ whiskeyခွက်ကို အသာအယာ၀ှေ့ယမ်းကာ ဇိမ်ခံသောက်နေလိုက်သည်

" သူဌေး!!! "

ရုတ်တရက် အခန်းထဲပြေး၀င်လာတဲ့လူကြောင့် သောက်လက်စခွက်ကို စားပွဲပေါ်တင်ကာ မေးငေါ့ပြလိုက်သည်

" ဘာဖြစ်လာတာလဲ "

" သိုလှောင်ခန်းထဲ မီးလောင်နေလို့ "

" ဘာ!!! "

Robertချက်ချင်းထကာ ခါးထောက်ပီး သူ့တပည့်ကိုစိုက်ကြည့်လိုက်သည်

" အခုကော လောင်နေတုန်းပဲလား "

" ဟုတ်ကဲ့ "

" တောက်!!!! ဘယ်ကောင်လုပ်တာလဲ "

" သေချာတော့မသိပေမဲ့ ဖြစ်နိုင်တာတော့ ဗစ်တာလက်ချက်ပဲနေမယ် "

" အခုချက်ချင်းအဲ့ဒီကိုသွားမယ် !! "

စားပွဲပေါ်တင်ထားတဲ့ သေနတ်ကိုဆွဲယူကာ ခြေလှမ်းကျဲများဖြင့် ထိုclubထဲမှထွက်လာလိုက်သည် ဟန်နရီဗစ်တာကို လွယ်လွယ်နဲ့သွေးစမ်းလို့မရမှန်း ကြိုသိပီးသားပင်
***

" တောက်!!! ပစ္စည်းတွေကော!!! "

" ပစ္စည်းတ၀က်လောက်က မီးထဲပါသွားပါပီသူဌေး...ကျန်တဲ့တ၀က်တော့ ကျတော်တို့ရသလောက်ပြန်ယူထားပါတယ် "

" ဗစ်တာကို လိုက်ရှာကြ!! အဲ့ကောင် ၀ေး၀ေးရောက်အုံးမှာမဟုတ်ဘူး ဒီအနီးအနားမှာလဲရှိလောက်မှာ "

" ဟုတ်ကဲ့ သူဌေး "

သူ့တပည့်တွေထွက်သွားတာနဲ့ Robertတယောက် ခါးထောက်ကာ ဘေးနားက တိုင်ကိုခြေထောက်နဲ့ကန်ပစ်လိုက်သည် အချိန်ခဏလေးအတွင်းမှာတင် ဘယ်ကနေရောက်လာမှန်းမသိတဲ့ ကျည်ဆန်က ထိုလူရဲ့ပေါင်၌ထိုး၀င်သွားသည်

" အာ့!!! "

" ဟေ့ကောင်တွေ!!!! '

သူ့လူတွေကို အကူအညီလှမ်းတောင်းနေပေမဲ့ ပတ်၀န်းကျင်က တိတ်ဆိတ်ကာ မီးရောင်ဖျဖျလေးသာမြင်နေရသည်
ရုတ်တရက် အမှောင်ထဲကနေ ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ကာ တလှမ်းချင်းလျှောက်တာတဲ့လူကြောင့် သူ့လက်ထဲက ပြုတ်ကျသွားတဲ့သေနတ်ကို လှမ်းယူလိုက်သည်

HANARY(S1+S2) Where stories live. Discover now