Ep-39(Uni/Zg)

60K 4.2K 393
                                    

ပုံမှန်ဆို ညဘက်clubမှာအချိန်ခဏလောက်နေဖြစ်ပေမဲ့ ဒီနေ့မှ နေလို့သိပ်မကောင်းတာကြောင့် အိမ်ကိုစောစောပဲပြန်လာလိုက်တယ်...ပြောရရင် အခုနောက်ပိုင်း အိမ်ကိုစောစောပြန်ဖြစ်တာများတယ် အရင်တခါ ဟန်နရီတို့နဲ့ဆိုင်မှာ ပြဿနာတတ်ထဲက ညနက်တဲ့အထိ clubမှာမနေရဲတော့အောင် ဖြစ်သွားတဲ့ပုံပါပဲ
စိတ်ထဲကတော့ ဒီအချိန်ဆို ဟိုကောင်လေးSam ခြံရှေ့လာစောင့်နေအုံးမလားလို့ ထင်မိပေမဲ့ တကယ်ထင်တဲ့အတိုင်း ခြံရှေ့မှာ ကားရပ်ပီး ရစ်သီရစ်သီလုပ်နေတာပါပဲ

" မင်း ဘာလာလုပ်ပြန်ပြီလဲ "

" အကိုကတော့ ကျတော့်ကိိုတွေ့တိုင်း တခါမှကောင်းကောင်းမွန်မွန်ကို မပြောဘူး "

" အချိန်ကိုလဲ ကြည့်လေ ဘယ်အချိန်ရှိနေပီလဲ ဒီလိုပဲမင်းအမြဲလာနေတော့မှာလား "

" ကျတော် ဗိုက်ဆာလို့ပါ "

" ဗိုက်ဆာတာနဲ့ ငါ့ဆီလာတာနဲ့ဘာဆိုင်လို့လဲ "

" ကျတော် အကို့ဆီမှာစားဖို့ ခေါက်ဆွဲထုပ်တွေယူလာတယ် အကို့အိမ်မှာ ပြုတ်စားလို့ရမလား...လုပ်ပါအကိုကလဲ...နော် "

" မင်းကိုတော့ တကယ်မပြောချင်တော့ဘူး "

" လာလေ ဘာရပ်လုပ်နေတာလဲ "

" ကျတော့်ကို ခေါ်တာလား "

" ငါ့ရှေ့မှာ မင်းကလွဲပီး ဘယ်သူရှိသေးလို့လဲ "

" လာပီ လာပီ "

ကြည်ဖြူတယ်ရယ်လို့လဲမဟုတ်ပေမဲ့ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ အကို့အိမ်ထဲနောက်တခါပြန်ရောက်လာရပြန်ပီလေ...ကျတော်ကတော့ ဘယ်မှမသွားပဲ အကို့နားမှာပဲကပ်နေချင်မိတော့တာပါပဲ

" အကို ဒီ Gasအိုးနဲ့ ကျတော် ခေါက်ဆွဲပြုတ်လိုက်မယ်နော် ကျတော်နှယောက်စာ ပြုတ်လိုက်မယ် "

" ငါမစားဘူး "

" ရတယ်လေ အဲ့တာဆိုလဲ အကိုကကျတော့်ရှေ့မှာထိုင်နေပေါ့ ကျတော်က အကို့မျက်နှာကြည့်ပီးစားမယ် "

" Sam! !  "

" အကို ကျတော့်နာမည်ကိုခေါ်လိုက်တိုင်း အရမ်းသဘောကျတာပဲ "

HANARY(S1+S2) Where stories live. Discover now