' ကျတော် ခင်ဗျားကိုချစ်တယ် '
နှယောက်ကြားရယုံသာ တိုးတိုးလေးပြောလိုက်ပေမဲ့ ကျောက်ရုပ်တရုပ်လို မလှုပ်မယှက်ဖြစ်သွားသူကတော့ ဟန်နရီပင်...ဘယ်တော့မှမကြားရဘူးလို့ ထင်ထားတဲ့ စကားသံလေးက မထင်မှတ်ပဲ ပျံ့လွှင့်လာတာကြောင့် ရင်ခုန်သံတွေက ပေါက်ထွက်မတတ် ခုန်ပျံလွန့်လူးလာသည်
' လွန်း ကိုယ့်ကိုခုနကဘာပြောလိုက်တာလဲ '
' မသိဘူး '
' မသိလဲ ကိုယ်ကြားလိုက်တယ် '
တဖက်ကိုမျက်နှာလှည့်ကာ ပါးလေးတွေရဲလာတဲ့ကလေးကို ဟန်နရီပွေ့ချီလိုက်ပီး သူ့ပေါင်ပေါ်ထိုင်ခိုင်းလိုက်သည် အကြည့်ချင်းမဆုံရဲတဲ့ လွန်းကြောင့် ဟန်နရီခေါင်းငုံ့ကာတချက်ပြုံးလိုက်သည်
' အခုမှရှက်နေတာလား '
' ဘယ်သူက ရှက်လို့လဲ '
' အဲ့တာဆို ကိုယ့်ကိုချစ်လား '
' ခုနက ပြောပြီးပြီလေ '
' မရဘူး ထပ်ပြောအုံး '
' ချစ်တယ်'
ခပ်တိုးတိုးလေးပြောလိုက်တဲ့ကောင်ငယ်လေးကို သူ့ရင်ခွင်ကျယ်ကြီးထဲ ဆွဲသွင်းလိုက်ပီး လွန်းရဲ့ခါးသေးသေးလေးကို တင်းကျပ်စွာဖက်ထားလိုက်သည်။ အတိုင်းမဆမရှိအောင် ပျော်မိသော်လဲ မေ့ဖျောက်ထားတဲ့မှတ်ဥာဏ်တချို့က သူ့အာရုံထဲခြောက်လန့်ထားဆဲပင်
' ပျော်ရွှင်တယ်ဆိုတာထက် ကိုယ့်လိုလူကိုလက်ခံပေးလို့ လွန်းကိုကျေးဇူးတင်လိုက်တာ "
' ကျတော့်ကို အချိန်တွေကြာလဲ ထားမသွားရဘူးနော် ကျတော့်မှာခင်ဗျားတယောက်ပဲရှိတော့တာ '
' ကိုယ်ကသံသရာအဆုံးထိ အချစ်ဘေးမှာ ရှိနေမှာမို့ စိတ်ချလက်ချနဲ့မှီခိုလိုက်ပါ ကိုယ်က ကိုကို့ကလေးလေးကို အများကြီးချစ်တယ်နော် အချစ်ကိုယ့်ကိုချစ်တာထက် အဆပေါင်းများစွာပိုချစ်တယ် '
' အပိုတွေ '
နောက်တခါ ကိုယ့်ကိုအဲ့လိုပြောရင် တကိုယ်လုံးနေရာလပ်မရှိအောင် နမ်းပီး အပြစ်ပေးပစ်မယ်