Ch-9( Uni/Zg)

47.4K 3.2K 649
                                    

" ဒါဘာတွေလဲ အချစ် "

" ကတ်ထူလိပ်တွေလေ ပုံဆွဲဖို့ယူလာတာ...စာကြည့်တိုက်လေးဆောက်ပီးတဲ့အခါကျ နံရံမှာ ကလေးတွေမျက်စိပဒါသဖြစ်အောင် ပုံလေးတွေကပ်ထားပေးမလို့ "

မနက်အစောထဲက သူ့အိတ်ထဲလိုအပ်တဲ့ ဆေးပစ္စည်းတွေထည့်နေတဲ့ လွန်းကို လူဆိုးကောင်လေးက ဘေးကနေမျက်တောင်မခပ်ငေးကြည့်နေသည် ရွာကိုရောက်ထဲက အလုပ်တွေရှုပ်နေလို့ထင်သည် လွန်းရဲ့မျက်နှာလေးကချောင်ကျကာ ပင်ပန်းနွမ်းလျနေတဲ့ပုံပင်..

" အချစ် အရမ်းပင်ပန်းနေပီလားဟင် "

" ဘာလို့တုန်း "

" အချစ်မျက်နှာလေးက ဖြူဖပ်ဖြူရော်ဖြစ်နေလို့လေ "

" ကျတော်အဆင်ပြေပါတယ် "

" အချစ်ကအမြဲအဲ့လိိုပဲပြောနေတာ တကယ်တမ်းအဆင်မပြေတာ ကိုသိတယ် "

" ပင်ပန်းနေပေမဲ့ကျတော်သဘောကျလို့ရွေးချယ်ခဲ့တဲ့လမ်းပဲလေ ကျတော်အဆင်ပြေပါတယ် "

" ကိုနှိပ်ပေးမယ်နော် "

လွန်းရဲ့လက်လေးကို ဟန်နရီလှမ်းဆွဲကာ သွယ်လျလျလက်ချောင်းလေးတွေကို ဆုပ်နယ်ကာဂရုတစိုက်နှိပ်ပေးလိုက်သည်

" အချစ်ပိုအောင်လုပ်နေပြန်ပါပီ "

" အချစ်ပိုပီး နမ်းချင်ရင်လဲရပါတယ် ကိုကမငြင်းတတ်ပါဘူး "

အမြဲအနမ်းခံချင်နေတဲ့ ဟန်နရီရဲ့မျက်နှာလေးကို လွန်းလှမ်းဆွဲကာ လူဆိုးကောင်လေးရဲ့နှုတ်ခမ်းကို တံဆိပ်ခတ်လိုက်သည် ဟန်နရီက သူ့ပါးလေးတွေ နဖူးလေးတွေကို နမ်းရင်ရှက်တတ်မှန်းသိတာကြောင့် လွန်းက လူဆိုးကောင်လေးရဲ့ ပါးလေးနှဖက်နဲ့ နဖူးကိုပါတဆက်ထဲ နမ်းရှိုက်လိုက်သည်

သဘောအကျလွန်သွားတဲ့လူဆိုးကောင်လေးက တဖက်ကို
လှည့်ကာပြုံးလိုက်ပီး လွန်းကိုကျောပေးကာ မျက်နှာလွှဲထားလိုက်သည်

" ရှက်သွားတာလား "

" မရှက်ပါဘူး "

" မရှက်ရင်ဒီဘက်လှည့်ပြလေ "

သူနဲ့မျက်နှာချင်းမဆိုင်ပဲ တဖက်ကိုပဲလှည့်ကာပြုံးနေတဲ့ကောင်လေးကြောင့် လွန်းတယောက်ရယ်လိုက်ပီး ဟန်နရီကိုအနောက်ကနေ သိုင်းဖက်လိုက်သည်

HANARY(S1+S2) Where stories live. Discover now