Extra-8

24K 1.1K 481
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Happy Birthday My Precious 🤍

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Happy Birthday My Precious 🤍

~~~~~

* Blockလိုက်သင့်လား ဒါမှမဟုတ်လျစ်လျူရှုလိုက်ရမလား

ခေါင်းထဲကြိမ်ဖန်များစွာ လွန်ဆွဲနေသည့်မေးခွန်းတို့က လွန်းရဲ့အတွေးအာရုံထဲ၌၀င်ရောက်နှောင့်ယှက်လာ၏။အကြောင်းရင်းက လွန်ခဲ့သောနှစ်လလောက်က အခမ်းအနားတစ်ခုတွင်တွေ့ဆုံခဲ့သော ဂရေစ့်ဟူသောအမျိုးသမီးကြောင့်ဖြစ်သည်။ကိုကိုနှင့်ထိုအမျိုးသမီး တွဲကခဲ့သည့်အချိန်တုန်းက လူအများထံမှလိုက်ဖက်ကြောင်းချီးကျူးသြဘာပေးခဲ့တာ လွန်းယခုချိန်ထိမမေ့။

ယခုလည်း ထိုအမျိုးသမီးက လွန်းရဲ့Instagramတွင်တင်ထားသော ပုံတစ်ပုံအားreactလာပေးထားပြန်သည်။ဘယ်လိုကြောင့်များ လွန်းရဲ့Accountကိုရှာတွေ့ခဲ့သလဲမပြောတတ်ပေမယ့် ပုံများစွာထင်ထားသည့်အထဲမှ ကိုကို့ပုံတစ်ပုံတည်းသာသီးသန့်တင်ထားသည့်ဓာတ်ပုံကိုမှ reactလာပေးသွားခြင်းကြောင့် လွန်းတကယ်ကိုစိတ်ရှုပ်ရ၏။တကူးတက အကောင့်ထဲ၀င်ကာ ယခုလိုပြုမူသွားသည်က ဘာကိုဆိုလိုချင်သလဲဆိုတာသေချာမသိ။ကိုကိုနှင့်ပတ်သတ်လျှင် မိန်းမနှစ်ယောက်ထံမှ စော်ကားပုတ်ခတ်ခြင်းကို အထိုက်အလျောက်ခံခဲ့ရပြီးပြီမို့ ထိုသို့သောအခြေအနေကို လွန်းပြန်မလိုချင်တော့ပေ။

HANARY(S1+S2) Where stories live. Discover now