" အကို့ကိုမကြောက်ပါနဲ့ တနေရာရာမှာ အေးအေးဆေးဆေးစကားသွားပြောကြမလား လွန်းသိချင်တာအကုန်ပြောပြမယ်လေ "
သူ့နားအနားကပ်ကာ မထိတထိလာပြောနေတဲ့ရှိန်းကြောင့် လွန်းတဖက်ကိုမျက်နှာလွှဲကာ သူ့ပခုံးပေါ်ကျရောက်နေတဲ့ရှိန်းရဲ့လက်တွေကိုဖယ်ချလိုက်သည်
" ကျတော်ဘာမှမသိချင်တာမို့လို့ သွားခွင့်ပြုပါအုံး "
သူ့ရှေ့ကနေထွက်သွားဖို့ပြင်နေတဲ့ လွန်းရဲ့လက်ကို ရှိန်းလှမ်းဆွဲလိုက်ပီး စာရွက်လေးတရွက်လှမ်းပေးလိုက်သည်
" ဒါအကို့ဖုန်းနံပါတ်ပဲ တစုံတခုသိချင်လာတဲ့အခါကျ အကို့ကိုဆက်သွယ်လိုက်ပါ "
လွန်းခေါင်းကိုအသာငြိမ့်ပီး မလှမ်းမကမ်းမှာလာနေတဲ့ taxiကိုတားကာ အမြန်ပြေးတတ်သွားလိုက်သည် ရှိန်းကတော့ အ၀ေးကနေပဲ ခါးထောက်ကာ ကြိတ်ပြုံးလိုက်သည်
" ငါတို့နှယောက်ရဲ့ကစားပွဲမှာ အနိုင်ရသူက တယောက်ပဲရှိသင့်တယ်မှတ်လား ဗစ်တာ "
******
" ခင်ဗျားဒီအတိုင်းပဲ နှုတ်ဆိတ်နေရင်တော့ ခင်ဗျားသွားရမဲ့လမ်းက တလမ်းပဲရှိတော့တာနော် "
Samကဆေးလိပ်ငွေ့တွေကို ထိုလူဘက်မှုတ်ထုတ်ရင်း စားပွဲပေါ်ခြေထောက်တင်ကာ လက်တဖက်က သေနတ်ကိုလှည့်နေလိုက်သည်
" ငါဘာမှမသိဘူးလို့ပြောပီးပီလေ "
" ခင်ဗျားတော့ ဗစ်တာရောက်လာရင် တခါထဲကိစ္စပြတ်တော့မယ်ထင်တယ် "
" ဗစ်တာဆိုတဲ့ကောင်ကို ငါကကြောက်တယ်ထင်နေတာလား "
" ဒါဆို ကျုပ်နဲ့တပွဲလောက်စမ်းကြည့်ကြမလား "
တံခါးနောက်ကွယ်ကနေ တလှမ်းချင်း၀င်လာတဲ့ ဟန်နရီကို ထိုင်ခုံပေါ်ကြိုးတုပ်ခံထားရသူက စိုက်ကြည့်နေလိုက်သည်
ထိုလူအနားဟန်နရီချဥ်းကပ်လိုက်ပီး ထိုလူမျက်နှာကို ဆွဲမော့လိုက်သည်" ခင်ဗျားတို့ကလဲရယ်ရသားပဲနော် ဗစ်တာဆိုတာနဲ့အလိုလိုကြိတ်မုန်းနေကြတယ် ဒါပေမဲ့လဲ ကျုပ်လိုလူက ခင်ဗျားတို့ရဲ့အမြင်ကို စောက်ဂရုစိုက်နေတဲ့ကောင်မဟုတ်တော့ ခက်သားပဲ အဟက် "