Ch-24(Uni/Zg)

47.6K 3.1K 214
                                    

" လူနှစ်ယောက်က Boss နဲ့တွေ့ချင်လို့ အပြင်မှာစောင့်နေပါတယ် "

" လွှတ်လိုက် "

အာရုံနောက်မခံနိုင်ပေမဲ့ သူနဲ့တွေ့ချင်တယ်ဆိိုထဲက သာမန်လူထဲကတော့မဖြစ်နိုင်....
ခဏအကြာ အခန်းတွင်း၀င်ရောက်လာတဲ့ လူနှစ်ယောက်ကြောင့် လက်ထဲက အသီးခွာဓားကို၀ှေ့ယမ်းရင်း အကဲခတ်လိုက်သည် အသက်ငယ်ငယ်လူငယ်နှယောက်ဆိုပေမဲ့ အကြည့်တွေကခက်ထန်ကာ သွေးအေးမဲ့ပုံပင်

" မင်းတို့က? "

" ဘယ်သူဘယ်၀ါမပြောခင် ထိုင်ခွင့်မပေးတော့ဘူးလား "

လက်ထဲက ဓားကိုခဏငြိမ်သက်လိုက်ပီး ထိုလူနှယောက်ကိုစိုက်ကြည့်လိုက်သည်

" မင်းတို့ကိုကြည့်ရတာ ငါ့ကိုရန်လာစနေသလိိုပဲ မင်းတို့က ဘယ်သူ့တပည့်တွေလဲ ဘယ်ဂိုဏ်းကလဲ "

" ကျုပ်တို့က ဘာကောင်မှမဟုတ်ပါဘူး ဒီအတိုင်းခင်ဗျားနဲ့တွေ့ချင်ယုံသပ်သပ်ပဲ "

တဖက်လူက သူ့တပည့်တွေကိုအချက်ပြလိုက်တာကြောင့် အားလုံးရဲ့သေနတ်တွေက ဟန်နရီနဲ့ Samကိုချိန်ထားပီးသားပင် သာမန်လူတယောက်ဆို ထိုနေရာတွင်ပင်ချက်ချင်းထိတ်လန့်သွားနိုင်ပေမဲ့ ထိုလူနှယောက်ကတော့ တချက်ကလေးမှကြောက်လန့်ခြင်းမရှိတာကြောင့် တဖက်လူက လက်ခုပ်တီးပီးဟက်ဟက်ပက်ပက်ရယ်လိုက်သည်

" မင်းတို့နှယောက်က သာမန်ထဲကတော့ဖြစ်မယ်မထင်ဘူး ငါ့ဆီကဘာလိုချင်လို့လဲ "

" တခြားတော့မဟုတ်ပါဘူး ခင်ဗျားဆီကနောက်တခေါက်ထပ်ထုတ်မဲ့ လက်နက်တွေကို ကျုပ်တို့နဲ့အလဲအလှယ်လုပ်ချင်လို့ '

" မင်းတို့နှကောင်ထဲက ဘယ်ကောင်ကခေါင်းဆောင်လဲ "

" ကျုပ်ကခေါင်းဆောင်ပဲ "

ရုတ်တရက်ကြားထဲကနေ၀င်ပြောလိုက်တဲ့ Samကို တဖက်လူကသေချာအကဲခတ်ကာစစ်ဆေးလိိုက်ပီး ဟန်နရီဘက်ကိုပြန်စိုက်ကြည့်လိုက်သည်

" ဒီကောင်လေးကခေါင်းဆောင်တော့မဖြစ်နိုင်ဘူး ငါ့ကိုပမာမခန့်စိုက်ကြည့်နေတဲ့မင်းကပဲ ခေါင်းဆောင်ဖြစ်လိမ့်မယ် ဘာလို့လဲဆိုတော့ ငါ့အရှေ့မှာ ပေါင်ကိုဖြဲကားပီးထိိုင်နေတဲ့အပြင် ငါ့ကိုမျက်တောင်မခပ်ပဲ စောက်ဂရုမစိုက်သလိုကြည့်နေလို့လေ "

HANARY(S1+S2) Where stories live. Discover now