Ep-44(Uni/Zg)

61.6K 4.6K 229
                                    

" ကိုယ့်ဆီက ထွက်ပြေးဖို့ကြံနေတဲ့ ချာတိတ်ကို ဘယ်လိုအပြစ်ပေးရမလဲ "

" ခင်ဗျားကို မုန်းတယ် ...ခင်ဗျားက ကျတော့်ကိုမချစ်ဘူး "

" ကျန်တာတွေအားလုံး ကိုယ်သည်းခံနိုင်ပေမဲ့ ကိုယ်ကမင်းကို မချစ်ဘူးဆိုတဲ့စကားလေးတခွန်းက ဘယ်လောက်ထိခံစားစေရလဲဆိုတာသိရဲ့လား "

" အဲ့တာတွေ ကျတော်မသိဘူး ကျတော့်ကိုလွှတ် "

" ကျတော်မသိဘူးဆိုတဲ့ ကလေးကို သိအောင်လုပ်ပေးမယ် "

ချုပ်ကိုင်ထားတဲ့ လွန်းရဲ့လက်တွေကိုရုန်းမရအောင်ပိုဆုပ်ကိုင်လိုက်ပီး ငြင်းဆန်နေတဲ့ကောင်ဆိုးလေးအား ဖိကပ်ကာနမ်းရှုံ့လိုက်၏။

" လာမနမ်းနဲ့ ဖယ် "

" အခုလိုပဲ ဆက်လုပ်နေမယ်ဆိုရင် ကိုယ့်စိတ်တွေကို အကုန်လွှတ်ချမိလိမ့်မယ်နော် "

" ကျတော်စိတ်မပါဘူး "

" ဒါဆိုရင်တော့ ဒေါက်တာ့ကိုစိတ်ပါလာအောင် ကျတော်ကပဲကြိုးစားရတော့မယ်ထင်တယ် အဟက် "

ချော့မော့ကာပြောနေသော်လည်း လက်မခံတဲ့အဆိုးလေးကြောင့် အတင်းပိတ်ထားတဲ့နှုတ်ခမ်းအတွင်းသို့ ဖိကိုက်ကာကျူးကျော်လိုက်၏။ မည်သို့ပင်စိတ်ဆိုးနေပါစေ မတွေ့ရတဲ့ကာလတွေအတွင်း လွန်းကိုယ်တိုင်လည်းထိုလူအားအလွမ်းပိုနေခဲ့တာဖြစ်သည်။ မထိတွေ့တာကြာတဲ့ အထိအတွေ့ကြောင့်သူကိုယ်တိုင်လည်းပြိုလဲချင်မိ၏

" ဟင့်အင်း ကျတော့်ကိုလွှတ်!!! "

" ကိုယ့်အချစ်ဗိုက်လေးက အရင်လိုဖောင်းဖောင်းလေးဖြစ်မနေတော့ဘူး နောက်နေ့ကစပီး ဗိုက်လေးပြန်ဖောင်းအောင် ကိုက စားချင်တာတွေအကုန်၀ယ်ကျွေးမယ် "

" ဘာမှမစားချင်ဘူး ခင်ဗျားကိုစိတ်ဆိုးတယ် "

" စိတ်ဆိုးရင်တောင်ဒီနေ့တစ်ရက်တော့ အပြည့်အ၀ခံယူမှာမို့ မနက်ဖြန်ကစပြီးစိတ်ဆိုးပြေပေးပါနော် "

ဆုပ်ကိုင်ထားတဲ့လက်တွေအား လွှတ်ပေးကာ ခပ်ဖြည်းဖြည်းပြန်လည်နမ်းရှုံ့လိုက်တော့ သူ့အားပြန်လည်တုံ့ပြန်လာသည်။
ကိုယ်ပေါ်မှအ၀တ်တွေကိုအမြန်ဆွဲချွတ်လိုက်တော့ လွန်းကသူ့အားထူးဆန်းစွာ မော့ကြည့်လာသည်။ တရားခံကရင်ဘတ်ပေါ်ကနှင်းဆီတတ်တူးကြောင့်သာလျှင် ဖြစ်လိမ့်မည်။

HANARY(S1+S2) Where stories live. Discover now