16

83.4K 6.4K 507
                                    

' ကျွန်တော် toiletခဏသွားလိုက်အုံးမယ် '

' ကိုယ်လိုက်ခဲ့ပေးရအုံးမလား '

မကြိုက်မှန်းသိရက်နှင့် တမင်အရွဲ့တိုက်ကာစနောက်လိုက်သည့်ဟန်နရီကြောင့် လွန်းကစူပုတ်ပုတ်ဖြင့် ထိုနေရာမှခပ်သွက်သွက်ထွက်သွား၏။

' အဟမ်း '

စိတ်ထဲအတွေးများနေတုန်း အသံပြုလာသည့်ချောင်းဟန့်သံကြောင့် ဟန်နရီက ပေကပ်ကပ်ဖြင့်မာန်ဟိန်းကိုကိုအားပြန်ကြည််လိုက်သည််။

' ကျေးဇူးပဲ '

' ဘာကိုလဲ '

' ကိုယ့်အကြောင်းကို လွန်းလွန်းကိုမပြောပြတဲ့အတွက် '

' ကျုပ်က အားအားယားယားသူများအကြောင်းသိပ်မပြောတတ်ပါဘူး ဒါပေမဲ့ ခင်ဗျားရဲ့လျှို့၀ှက်ချက်ကိုသိတာကြောင့် ကျုပ်ရှေ့မှာအနေအထိုင်ဆင်ခြင်'

' ကိုယ်က လွန်းကိုအန္တရာယ်ပြုနေတဲ့သူမဟုတ်တဲ့အတွက် မင်းအမိန့်ပေးစရာမလိုပါဘူး ယောကျ်ားချင်းဆိုတော့ရှင်းရှင်းပဲပြောမယ် ကိုယ်ကော မင်းကောက ဒီချိန်မှာလွန်းနဲ့ ဘာမှသက်ဆိုင်သေးတာမဟုတ်ဘူး သူကလဲမင်းကိုရွေးချယ်ထားတာမဟုတ်သေးတဲ့အတွက် ကိုယ့်မှာကြိုးစားပိုင်ခွင့်ရှိတယ် ဟန်နရီ '

🎶🎵I want you to know
I love you the most
I'll always be there right by your side
'Cause baby, you're always in my mind
Just give me your forever (give me your forever)🎶

' sry ကျုပ်ဖုန်းလာနေလို့ ကိုင်လို့ရမလား '

ဟန်နရီက သူ့ဖုန်းကိုမြှောက်ပြကာခွင့်တောင်းလာတာမို့ မာန်ဟိန်းကလျှင်မြန်စွာခေါင်းညိတ်ရင်း ခွင့်ပြုလိုက်၏။ဟန်နရီက လူရှင်းတဲ့ဘက်တွင် ဖုန်းသွားပြောနေတာဖြစ်သော်လည်း စိတ်ကြည်လင်ခြင်းမရှိသည့် အရိပ်အယောင်တို့က သူ့မျက်နှာပြင်တွင် လျှင်မြန်စွာပြောင်းလဲနေတာမို့ မာန်ဟိန်းကိုကိုက မသိမသာအကဲခတ်ကာ မျက်နှာပြန်လွှဲသွားသည်။

ဖုန်းပြောပြီးချိန်၌ လွန်းကပါပြန်ရောက်နေပြီမို့ ဟန်နရီကဟန်မပျက်ပင် ထိုစားပွဲရှေ့တွင်ရပ်ကာ မာန်ဟိန်းကိုကိုအားလှမ်းကြည့်လိုက်၏။

' ဒီမှာ ကျုပ်ခင်ဗျားကိုပြောစရာရှိတယ် '

' အထူးအဆန်းလာလုပ်မနေပါနဲ့ ပြောစရာရှိတာပြော'

HANARY(S1+S2) Where stories live. Discover now