Extra-7

19.9K 1.1K 279
                                    

" ဟီရို၀င်လာပါပြီ "

အဆောက်အဦးခြံ၀န်းထဲသို့ ၀င်ရောက်လာသည့်အနက်ရောင်ကားများစွာကြောင့် အဆောက်အဦးအတွင်းရှိလူများစွာမှာ ညီညာစွာတန်းစီရပ်ရင်း ခန်းမတံခါးပေါက်သို့လှမ်းမျှော်ကြည့်လိုက်၏။ယနေ့တွင် နှစ်စဥ်ကျင်းပလေ့ရှိသော ဂိုဏ်းပေါင်းချုပ်တွေ့ဆုံပွဲရှိတာကြောင့် အလွှာအမျိုးမျိုးမှခေါင်းဆောင်များနှင့် လက်အောက်ငယ်သားများက စုံစုံညီညီတက်ရောက်ကြတာဖြစ်သည်။

ခဏအကြာ၌ခန်းမအတွင်းသို့၀င်ရောက်လာသည့် ဟီရိုတို့မြေးအဘိုးကြောင့် ခန်းမအတွင်းရှိလူအားလုံးက ကိုယ်စီဦးညွှတ်ကာ ငြိမ်သက်သွားကြသည်။အာဏာအရှိဆုံးဖြစ်သည့်ဟီရိုဗစ်တာက ကြက်သွေးရောင်ကုတ်အင်္ကျီကိုရှပ်အဖြူနှင့်တွဲဖက်၀တ်ဆင်ထားပြီး သူ၏လက်မောင်း၌အနက်ရောင်သားရေပြားနှစ်ခုကိုစည်းနှောင်ထား၏။ထိုသားရေပြား၌ နဂါးပုံစံကိိုရွှေရောင်ကနုတ်များဖြင့် အလှဆင်ထားတာကြောင့် ထိုလူအားလုံးထဲတွင်ဟီရိုဗစ်တာက အာဏာအရှိဆုံးဖြစ်သည်။

ဟီရိုဗစ်တာ၏အနောက်တွင် ဒုတိယအာဏာအရှိဆုံးဖြစ်သည့်ဟန်နရီဗစ်တာက ကပ်လိုက်လာပြီးဟီရိုနှင့်အပြင်အဆင်တူညီသည့်၀တ်စုံကို ၀တ်ဆင်ထားတာဖြစ်သည်။ဟန်နရီ၏လက်မောင်း၌ အနက်ရောင်သားရေပြားအပတ်တစ်ခုပါရှိသည့်အပြင် ဗစ်တာဂိုဏ်း၏အမှတ်အသားဖြစ်သည့် နဂါးကနုတ်များပါရှိတာကြောင့် ထိုကောင်လေးကဟီရိုဗစ်တာ၏အမွေကိုဆက်ခံမည့်သူဖြစ်ကြောင်း ကြည့်ရုံနဲ့အကဲခတ်နိုင်သည်။

ဟန်နရီဗစ်တာ၏အနောက်တွင် ဂိုဏ်းသားများ,အားကျရလောက်တဲ့အထိ ဟန်နရီထံမှမျက်နှာသာပေးခြင်းခံထားရသော Samကကပ်ပါလာတာဖြစ်သည်။ဟန်နရီ၏အယုံကြည်ရဆုံးသက်တော်စောင့်ဖြစ်သည့် Samကမျက်နှာသာပေးခံထားရသည့်အလျှောက် ထူးချွန်ထက်မြတ်ကာ ဟန်နရီနည်းတူတိုက်ရည်ခိုက်ရည်ကျွမ်းကျင်သည့်သူဖြစ်တာကြောင့် လူအများကအထင်မသေးရဲပေ။ဟီရို၏ဂိုဏ်းသားအချို့ကSamကိုအမြင်မကြည်ကြသော်လည်း ထိုကောင်လေးကိုထိလျှင် ဟန်နရီဗစ်တာရဲ့အသေသတ်ခြင်းကိုခံရနိုင်တာကြောင့် ထိုလူတစ်ချို့ကSamကို အနည်းငယ်ရိုင်းပျသောအမူအယာနဲ့တောင်မဆက်ဆံရဲပေ။

HANARY(S1+S2) Where stories live. Discover now