Ch-23(Uni/Zg)

50.3K 3.3K 1.2K
                                    

နိုးထလာတဲ့မနက်ခင်းလေးမှာ ငြိမ်သက်စွာအိပ်စက်နေတဲ့လူကြောင့် ပြုံးမိပြန်တယ် ဒီလူအိပ်နေတဲ့အချိန်ဆိုကမ္ဘာကြီးအေးချမ်းသွားသလိုပါပဲ မဟုတ်ရင်တခုပီးတခုရစ်နေတတ်တာလေ...ငြိမ်သက်စွာမှေးစင်းနေတဲ့မျက်တောင်ရှည်လေးတွေက ဘယ်သောအခါမှကြည့်ရမရိုးသွားခဲ့ပါဘူး

အိပ်ချင်ယောင်ဆောင်နေတဲ့မျက်၀န်းတစုံက မသိမသာလေးလွန်းကိုခိုးကြည့်ပီး သူ့ပါးပြင်ပေါ်ရောက်နေတဲ့ လွန်းရဲ့လက်ကိုဆွဲယူကာ နမ်းရှုံ့လိုက်သည်

" အာ ခင်ဗျား!! "

" ဘာလို့လဲ ရှက်သွားလို့လား "

" ခင်ဗျားကအမြဲအဲ့လိိုပဲ "

" ..... "

" ညကကောင်းကောင်းအိပ်ပျော်ရဲ့လား "

" အိပ်ပျော်ပါတယ် "

" အိပ်ပျော်တယ်သာပြောတာ မျက်ကွင်းလေးကညိုနေတယ် ကျတော်တို့ဆေးခန်းသွားပြကြမလားဟင် "

" မသွားချင်ပါဘူး နောက်ဆိုအိပ်ပျော်သွားလိမ့်မယ် "

" ပြောလိုက်ရင်အမြဲအဲ့လိုချည်းပဲ တခါမှစကားနားမထောင်ဘူး မျက်နှာဒီကိုသေချာပြပါအုံး....ဒဏ်ရာတွေကတော့  နည်းနည်းသက်သာလာပီ နှုတ်ခမ်းတော့နည်းနည်းယောင်နေတုန်းပဲ "

ဟန်နရီမျက်နှာပေါ်က ဒဏ်ရာတွေကိုသေချာကြည့်ကာ ယောင်နေတဲ့နှုတ်ခမ်းလေးကို ခပ်ဖွဖွလေးနမ်းရှိုက်လိုက်သည် နဖူးနဲ့ပါးပြင်လေးကိုပါတဆက်တည်းနမ်းလိုက်တာကြောင့် လူဆိုးကောင်လေးကအတော်သဘောကျသွားတဲ့ပုံပါပဲ မျက်လုံးလေးနှဖက်ပိတ်တဲ့အထိပြုံးကာ သူ့ခေါင်းကြီးကိုလွန်းရင်ခွင်ထဲတိုး၀င်လိုက်သည်

" အချစ်ဘက်ကနေ ကို့ကိုစနမ်းရင်အရမ်းပျော်တာပဲ "

ဘာရယ်မဟုတ်သူ့နှုတ်မှထွက်လာတဲ့စကားလေးတခွန်း
ကြောင့် စိတ်မကောင်းဖြစ်မိပြန်တယ်...အချစ်တွေကို ပေါ်ပေါ်ထင်ထင်မထုတ်ပြတတ်ပေမဲ့ ကျတော်လဲသူ့ကိုချစ်ရတာပါပဲ

" စောစောစီးစီးချွဲမနေနဲ့အုံး မျက်နှာသွားသစ်တော့ ကျတော်လဲ အိမ်ခဏပြန်လိုက်အုံးမယ် "

HANARY(S1+S2) Where stories live. Discover now