Extra-5

30.1K 1.6K 1.1K
                                    

" အစ်ကိုက အရမ်းအတ္တဆန်တယ် "

" တောက်!! "

အတ္တဆန်သည်ဆိုသောစကားကြောင့် နှစ်ယောက်ကြားတင်းမာခဲ့သည်မှာ အချိန်တစ်ရက်ပြည့်တော့မည်ဖြစ်သည်။ မနက်ခင်းတည်းက သူ့အားစကားမပြောတော့သည့်မာန်ဟိန်းကိုကိုက ယခုတိုင်စိတ်ဆိုးနေဆဲဖြစ်သည်။ အတူနေခဲ့သည့်သက်တမ်းတစ်လျှောက် အကြီးအကျယ်ရန်ဖြစ်ဖူးတာဆိုလို့ ယခုအကြိမ်ကပထမဆုံးသာဖြစ်သည်။ မာန်ဟိန်းကိုကိုမျက်နှာပျက်ရင် အသည်းအသန်ပြန်ချော့တတ်သည့်Samက ယခုတော့သူကိုယ်တိုင်ပင်အကြောတင်းနေ၏။

အိမ်အပေါ်နှင့်အောက်ထပ်ကို တစ်ယောက်တစ်နေရာစီနေရာယူပြီး သပ်သပ်ခွဲနေသည်။ ယခုလိုအခြေအနေမျိုးကို Samကိုယ်တိုင်စိတ်ပျက်မိသော်လည်း မာန်ဟိန်းကိုကိုကသူ့ထက်အကြောပိုတင်းသည်။ သူ့ဘက်ကပြန်ချော့ဖို့ကိုလည်း Samစိတ်မကူးချင်ပေ။ အသည်းခိုက်အောင်ချစ်တာမှန်သော်လည်း ယခုကိစ္စကမာန်ဟိန်းကိုကိုရဲ့အမှားသာဖြစ်တာကြောင့် သူ့ဘက်ကသာအချော့ခံချင်တော့သည်။ သို့ပေမယ့် မာန်ဟိန်းကိုကိုက သူ့အားတစ်ခွန်းတစ်လေတောင်ပြန်မချော့ပေ။

" ကျစ်!!! "

စားပွဲပေါ်မှကားသော့ကိုလှမ်းယူကာ အပြင်ထွက်သွားသည့်ကောင်ဆိုးလေးအား မာန်ဟိန်းကိုကိုလှမ်းကြည့်လိုက်၏။ ရယ်စရာအမြဲပြောကာ စနောက်တတ်သည့်ချစ်ရသူက မျက်နှာတည်ကာစိတ်ဆိုးနေတာကြောင့် သူကိုယ်တိုင်လည်းခံရခက်သည်။ သို့ပေမယ့် Samဘက်ကအလွန်ဟုသာသတ်မှတ်ထားတာမို့ ထိုကောင်လေးဘက်မှစကားပြန်ပြောလာမည့်အချိန်ကိုသာ သူမျှော်နေတာဖြစ်သည်။

×××××××××

( ကျွန်တော်အစ်ကိုနဲ့ရန်ဖြစ်ထားတယ် စိတ်ညစ်နေလို့အပြင်မှာတစ်ခွက်လောက်သွားသောက်ရအောင်  ကျွန်တော်အခု××××နေရာမှာရှိတယ် )

Typingကိုလျှင်မြန်စွာရိုက်ရင်း တစ်ဖက်ကိုmessageလှမ်းပို့လိုက်၏။ ထိုလူက တစ်ဦးတည်းသောသူ့ဆရာသာဖြစ်ကြောင်း ခန့်မှန်းစရာတောင်မလို။ messageပို့ပြီးမကြာခင်မှာပဲ သူချိန်းဆိုထားသည့်ဘားအတွင်းသို့ ဟန်နရီကဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာ၏။

HANARY(S1+S2) Where stories live. Discover now