" တကယ့်တရားခံက မင်းပဲဗစ်တာ!! "
အိမ်မက်ထဲရှင်းလင်းစွာကြားလိုက်ရသော ရှိန်းခန့်ပိုင်အသံကြောင့် ဟန်နရီက အသက်ရှုသံပြင်းစွာဖြင့် အိမ်မက်မှလန့်နှိုးလာ၏။အိမ်မက်တစ်ခုသာဖြစ်သော်လည်း ထိုအသံက သူ့ခံစားချက်တွေအား ထိန်းချုပ်ထားသည်မှာ ယခုတိုင်ဖြစ်သည်။
" စောက်ရေးမပါတာကွာ "
ဟန်နရီက အံကြိတ်ကာသက်ပြင်းချလိုက်ပြီး နာရီကိုလှမ်းကြည့်လိုက်၏။ခြောက်နာရီအမှီထမည်ဟုတွေးတောထားသော်လည်း ကိုးနာရီပင်ကျော်လွန်နေပြီမို့ ဟန်နရီကအားမလိုအားမရဖြင့် အိပ်ယာပေါ်မှကုန်းထလာသည်။
နားထဲခပ်သဲ့သဲ့ကြားနေရသော ရယ်သံတစ်ချို့ကြောင့် ဟန်နရီက လိုက်ကာနောက်ကွယ်မှ အပြင်သို့လှမ်းကြည့်လိုက်၏။
အမိုးအကာမရှိသည့် မြက်ခင်းပြင်ပေါ်တွင် လွန်းက ချွေးသံရွှဲစွာဖြင့် မြက်နှုတ်နေတာမို့ ဖြောင့်တန်းနေသည့်မျက်ခုံးနှစ်ဖက်က အလိုမကျစွာစုကြုတ်သွားတော့သည်။>>>>>>>>>>
' နေပူနေတာကို ဘာလုပ်နေတာလဲ '
အလိုမကျဟန်ရှိသည့် သြရှရှအသံကြောင့် လွန်းနှင့်ဖိုးစိန်က မြက်ထိုင်နှုတ်ရင်း အနောက်သို့လှမ်းကြည့်လိုက်၏။လက်ပိုက်ကာ စူးစိုက်ကြည့်နေသူက လွန်းတို့နှစ်ယောက်ကို ဘ၀င်ကျပုံမရ။
' ဒီနေ့ကျွန်တော့်ကျောင်းပိတ်ရက်မို့ ကိုဖိုးစိန်ကိုကူလုပ်ပေးနေတာ '
' မင်းက တော်တော်အားနေတာမို့လို့ ကူလုပ်နေတာလား'
' .......'
ရယ်သံပျံ့လွှင့်ခဲ့သည့် ထိုရပ်၀န်းက ဟန်နရီရောက်လာသည်နှင့် တိတ်ဆိတ်သွားတာမို့ ဖိုးစိန်က ချက်ချင်းပြန်လှည့်ကာ လုပ်လက်စအလုပ်ကိုသာဆက်လုပ်နေ၏။
' မေးတာပြန်ဖြေလေ '
' ..........'
' လွန်းတာနေဆန်း!!!'
'ကျွန်တော်ဒီမြက်တွေကုန်မှ အိမ်ထဲ၀င်မှာ နှုတ်စရာနည်းနည်းပဲကျန်တော့တယ်'
' ငါ့ကို အာခံနေတာလားလွန်း "
' ကျွန်တော် ဒါပြီးမှပဲ အိမ်ထဲ၀င်မှာလို့ဆုံးဖြတ်ပြီးသား ကိုကိုကြီး "
