Ep-37(Uni/Zg)

70.2K 4.7K 643
                                    

ကျတော် ရင်တမမနဲ့စောင့်မျှော်နေရတဲ့သူက ခြံ၀န်းထဲကားနဲ့ပြန်၀င်ရောက်လာတာကြောင့် အမြန်ခြံထဲကိုပြေးဆင်းသွားလိုက်တယ်...မိလှိုင်ပြောတုန်းက အစ်မလီလီကို ကားနဲ့ခေါ်သွားတယ်ပြောပေမဲ့ အခုတော့ ကားထဲမှာ ကျတော့်လူကလွဲပီး ကျန်တာမတွေ့တာကြောင့် ကျတော့်ရဲ့စိုးရိမ်ပူပန်မှုက အဆုံးစွန်ထိရောက်သွားပါတော့တယ်...

" အစ်မလီလီကောဟင် "

" ကိုယ့်ကို ကျော်ပီး ဘာလို့တခြားသူကိုမေးနေရတာလဲ "

" ခင်ဗျား အစ်မလီလီကိုဘာလုပ်လိုက်တာလဲ "

" ဘာမှမလုပ်ပါဘူး ဒါပေမဲ့ သူဒီကိုပြန်လာတော့မှာမဟုတ်ဘူး "

" ဟင် ဘာဖြစ်လို့လဲ "

" အမ်မလီ သူ့အိမ်ပြန်သွားပီ....ကိုယ့်ကိုဒီကိစ္စနဲ့ပတ်သတ်ပီး ထပ်မမေးနဲ့တော့ သူ့အတွက်လဲစိတ်မပူနဲ့ ကိုယ်သူ့ကိုနာကျင်အောင်ဘာတခုမှ မလုပ်ခဲ့ဘူး "

မျက်နှာလေးငယ်သွားပီး သိမ်ငယ်သွားတာကြောင့် ဒီကကောင်ကပဲ စိတ်မကောင်းဖြစ်ရပြန်တယ်..လွန်းတာနေဆန်းဆိုတဲ့ ကလေးက စိတ်ထား နူးညံ့လွန်းတာလဲလွန်ပါရော ...ဒီလိုပုံစံနဲ့ ဒီနိုင်ငံမှာ ဘယ်လိုများထားခဲ့ရပါ့မလဲ

" ကိုယ့်ကို စိတ်မကောင်းဖြစ်အောင်မလုပ်ပါနဲ့အချစ်ရယ်...ကားထဲမှာ ခဏ၀င်စောင့်နေနော် ကိုယ်မာမီနဲ့ စကားပြောပြီးရင် ပြန်လာခဲ့မယ် "

ကျတော့်ကိုသူ့ကားထဲမှာ ထားပီး ကားနဲ့မလှမ်းမကမ်းတနေရာမှာ ကြီးကြီးနဲ့ စကားပြောနေတဲ့လူဆိုးလေးကို အချိန်အကြာကြီးငေးကြည့်နေမိတယ်...ကားထဲမှာမို့ အသံသိပ်မကြားရပေမဲ့ အစ်မလီလီနဲ့ပတ်သတ်ပီး ငြင်းခုန်နေကြတယ်ထင်ပါတယ် ဒီကိစ္စပေါ်ပေါက်လာတာကလဲ တရားခံက ကျတော့်ကြောင့်ပဲမှတ်လား ကျတော်သာမရှိရင် အကုန်လုံးသင့်သင့်မြတ်မြတ်နဲ့အဆင်ပြေနေကြမှာ....အားလုံးအတွက် ကျတော်က လူပိုတယောက်ဖြစ်နေပီထင်ပါတယ်....
အ၀ေးကကြည့်ရင်တောင် ဖြောင့်တန်းပီး ရှည်လျားတဲ့အရပ်ကြီးနဲ့ ဆွဲဆောင်မှုရှိတဲ့မျက်နှာလေးက နေရောင်ထဲမှာမို့လို့ထင်တယ် အရောင်အဆင်းကပိုပီးတောင် တောက်ပြောင်နေသေးတယ် ဒီလူကြီးနဲ့ 2လတောင်ခွဲရမှာဆိုတော့ ကျတော်ကတော့ သူ့ရင်ခွင်ကျယ်ကြီးကို လွမ်းနေမိတော့မှာပါပဲ

HANARY(S1+S2) Where stories live. Discover now