Ch-4(Uni/Zg)

53K 3.5K 592
                                    

မမျှော်လင့်ပဲ၀င်ရောက်လာတဲ့ ဓာတ်ပုံလေးတပုံကြောင့် ခေါင်းထဲအတွေးတွေများခဲ့ရပြန်တယ် ဘယ်လိုလူက ကျတော့်ဆီ ဒီသေနတ်ပုံကိုပို့ရတာလဲ ကျတော်နဲ့ကောဘာဆိုင်လို့လဲ ဘာမှမဖြစ်ခဲ့သလိုမေ့ပျောက်လိုက်ချင်ပေမဲ့ သေနတ်ပေါ်က အမည်နာမလေးတခုကြောင့် စိတ်တွေက ရှုပ်ထွေးလာပြန်တယ် ဟန်နရီဆိုတဲ့နာမည်က ဘယ်လောက်ပဲပေါများပါစေအုံး ဟန်နရီဗစ်တာဆိုတဲ့ နာမည်က သူတယောက်ပဲရှိတာမှတ်လား ဘာလို့သူ့နာမည်က ဒီသေနတ်ပေါ်မှာရောက်နေရတာလဲ နောက်ပီး ဒီနဂါးရုပ်ကကော? သူ့ခါးက တက်တူးပုံစံနဲ့ ဒီသေနတ်ပေါ်မှာ ထွင်းထားတဲ့ နဂါးရုပ်ကလဲတထပ်ထဲပါပဲ
ရုတ်တရက်မို့ စိတ်တွေရှုပ်ထွေးသွားပေမဲ့ ဘာအဓိပ္ပာယ်မှမရှိတဲ့ ဓာတ်ပုံတပုံပဲလေ ကျတော့်လူနဲ့ ဒီသေနတ်နဲ့ဘာများသက်ဆိုင်မှာမို့လို့လဲ

" စောင့်ရတာ ပျင်းသွားပီလား အချစ်"

ကျတော်ကလဲ အတွေးများနေလိုက်တာ...သူပြန်ရောက်လာတာတောင်သတိမထားမိတော့တဲ့အထိပါပဲ

" အလုပ်ကိစ္စပီးသွားပီလား "

" အင်း ပီးသွားပီ...အချစ်ဘာထပ်စားချင်သေးလဲ ကိုမှာပေးမယ် "

" ဟင့်အင်း ကျတော် coffeeနဲ့ Donutစားပီးပီ "

" အဲ့တာဆို ကိုတို့ပြန်ကြမလား မိုးချုပ်နေပီ "

" အင်း "

ကျတော့်လက်ကိုသေချာကိုင်ကာ ရှေ့ကနေဦးဆောင်သွားနေတဲ့ သူ့ရဲ့ကျောပြင်လေးကိုကြည့်ပီး ကြည်နူးမိပြန်တယ် ကျတော့်ရဲ့အတိတ်တွေက ကြောက်စရာကောင်းခဲ့ပေမဲ့ သူနဲ့တွေ့တဲ့နေ့ကစပီး ကျတော့်ရဲ့အိမ်မက်ဆိုးကြီးကနေ ရုန်းထွက်နိုင်ခဲ့တယ်ထင်ပါတယ်

ကားပေါ်ရောက်တာနဲ့ ကျတော့်လက်ကိုဆွဲပီး ရုတ်တရက်လှမ်းနမ်းလိုက်တာကြောင့် အံ့အောသွားရပြန်တယ် ပိုပီးအံ့အာသွားရတာက ကျတော့်လက်ချောင်းတွေပေါ်ကျရောက်လာတဲ့ လက်စွပ်လေး...ဟင် ဒီလက်စွပ်က...

" ဒါက? "

" အင်း ကိုယ်တို့လက်စွပ်လေးတွေလေ "

" ဒါတွေက ခုနကလူတွေကိုပေးလိုက်ပီလေ ခင်ဗျားဒါတွေကိုဘယ်လိုပြန်ယူလာတာလဲ!! "

HANARY(S1+S2) Where stories live. Discover now