Ch-28(Uni/Zg)

50.9K 3.2K 135
                                    

" ဗစ်တာလာပီ နေရာပေးလိုက်ကြ "

တဖက်ခေါင်းဆောင်က ဟန်နရီနဲ့ Samကိုပြုံးပြကာ ကြိုဆိုလိုက်ပီး နေရာထိုင်ခင်းပြင်ဆင်ပေးလိုက်သည် ဟန်နရီရဲ့အကြည့်တွေကတည်ငြိမ်နေပီး အရှေ့တည့်တည့်ကိုပဲအာရုံစိုက်နေသည် ဟန်နရီဘေးမှာ Samကလဲကပ်ပါပီးသားပင်

" ဟီရိုကော နေကောင်းရဲ့လား "

" ကောင်းပါတယ် "

တဖက်လူက လက်ဖြောက်တချက်တီးကာ သူ့တပည့်တွေကိုအချက်ပြလိုက်တော့ ချက်ချင်းပဲ ၀ိုင်ခွက်တွေယူလာကာ ဟန်နရီတို့အတွက်ထည့်ပေးလိုက်သည် ဟန်နရီက သူ့လက်ထဲက ၀ိုင်ခွက်ကို အပေါ်အောက်သေချာစိုက်ကြည့်နေတာကြောင့် တဖက်လူက ခပ်ရေးရေးလေးပြုံးလိုက်သည်

" စိတ်ကင်းကင်းနဲ့သောက်နိုင်ပါတယ် ဘာဆေးမှမခပ်ထားပါဘူး "

" ထားပါတော့ ကျုပ်ကိုယ်ကျုပ်အရင်မိတ်ဆက်မယ် ဟီရိုက ကျုပ်ကိုခင်ဗျားနဲ့လာတွေ့ခိုင်းလို့ ဒီနေရာကိုရောက်လာတာ ကျုပ်နာမည်ဟန်နရီဗစ်တာ ဒါပေမဲ့ကျုပ်နာမည်အပြည့်အစုံကို ဘယ်တော့မှမခေါ်နဲ့ "

" ကောင်းပါပီ ဗစ်တာလို့ပဲခေါ်မှာပါ ငါ့နာမည်က Jack
ငါ့အကြောင်းကိုတော့ မင်းလဲသိသင့်သလောက်သင့်မှာပါ "

Jackကသူ့လက်ထဲက ၀ိုင်ခွက်ကိုအပေါ်မြှောက်ပြကာ ဟန်နရီကိိုမေးငေါ့ပြလိုက်သည် ဟန်နရီက သူ့လက်ထဲက ၀ိုင်ခွက်ကိိုတည်ငြိမ်စွာပဲမော့ချလိုက်သည် ဟန်နရီသောက်ကာမှ Samကလဲသူ့လက်ထဲကခွက်ကို သောက်ဖို့ပြင်လိုက်သည်

ထိုခွက်က Samရဲ့ပါးစပ်နားမရောက်ခင်မှာပဲ ဟန်နရီကဆွဲယူကာ စားပွဲပေါ်ခြေထောက်တင်လိုက်သည် ဟန်နရီရဲ့အပြုအမူကို Samကတော့ ထူးဆန်းစွာပဲကြည့်နေလိုက်သည်

" ခုနကခင်ဗျားပြောခဲ့တယ်နော် စိတ်ကင်းကင်းနဲ့သောက်ပါဆိုတာလေ...အဲ့တာကြောင့် ဒီခွက်ထဲက ၀ိုင်တွေကိုခင်ဗျားသောက်ပြပါလား "

ဟန်နရီရဲ့စကားကြောင့် တဖက်လူရဲ့မျက်ခုံးတွေကတွန့်ကွေးကာ ဟန်နရီကိုစိုက်ကြည့်လိုက်သည်

" ကျုပ်ကလဲ စောက်ရမ်းအကျောမာတဲ့သူဆိုတော့ ခက်သားပဲ "

ဟန်နရီမတ်တပ်ရပ်ကာ သူ့လက်ထဲက ၀ိုင်တွေကို တဖက်လူရဲ့ခေါင်းပေါ်ကိုသွန်ချလိုက်သည်

HANARY(S1+S2) Where stories live. Discover now